သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ Francois Hollande ရဲ့ ဖိတ်ကြားချက်အရ ဒီလ ၂၆ ရက်နေ့ကနေ ၂၉ နေ့အတွင်း ပြင်သစ်နိုင်ငံကို အလည်အပတ် လာရောက်မယ်လို့ ပြင်သစ် သမ္မတရုံးက မနေ့က ကြေညာပါတယ်။
2012-06-05
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
2012-06-05
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာနိုင်ငံမှာ ဇိုမီးလူမျိုး ရှိတယ်လို့ ပြန်လည် လက်ခံလိုက်ပြီးတဲ့နောက်မှာ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (ZNC) က မနေ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
2012-06-05
မြန်မာနိုင်ငံတောင်ဘက်စွန်းမှာ ၁၀ ရက်ကျော်ကျော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ပါချန်မြစ်ရေ လျှံတက်လာပြီး ကော့သောင်းခရိုင် အရှေ့ဘက်ကမ်းရိုးတန်း ကျေးရွာတချို့ရှိ အိမ်တွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်။
2012-06-05
ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ကျင့်ဝတ်ကျင့်စဉ်နဲ့ ညီညွတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်တရပ် ပေါ်ပေါက်လာဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-06-05
ဒီကနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့နဲ့ မကွေးမြို့တို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
2012-06-05
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
2012-06-04
နော်ေ၀ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သွားရောက်မယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံ ခရီးစဉ်အချိန်ဇယားကို နော်ေ၀ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပြီး နော်ေ၀ ဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို သူရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး နော်ဝေနိုင်ငံကို လာရောက် လည်ပတ်မှာကို ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။ ။
2012-06-04
နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက လွှတ်တော် အစည်းအဝေးတွေကို လေ့လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးဟာ မနက်ဖြန် ဆွီဒင်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။
2012-06-04
ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
2012-06-04
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ ညပိုင်းက လူထုက ရဲစခန်းကို ဝိုင်းတာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသလို တောက်ကုတ်မြို့မှာ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ပေမဲ့ ဒီနေ့မှာတော့ စစ်တွေမြို့နဲ့ တောင်ကုတ်မြို့မှာပါ အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-06-04
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီစံပြ ကျေးရွာဈေးမှာ ဈေးမရောင်းရလို့ သက်ဆိုင်ရာက ဒီလ ၁ ရက်နေ့မှာ အမိန့်ထုတ်လိုက်တဲ့အတွက် ဇွန်လ ၂ ရက်နေ့မှာ လူ ၅၀၀ လောက် ဆန္ဒပြကြပြီး အမိန့်ကို ပယ်ဖျက်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံ ဒီနေ့မှာ စာတင်လိုက်ပါတယ်။
2012-06-03
ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲစခန်းအမှတ် (၁) ရှေ့မှာ မနေ့ည ၁၀ နာရီလောက်က မြို့ခံဦးရေစုစုပေါင်း (၂၀၀) လောက် ဆန္ဒပြ အဓိကရုဏ်း ဖြစ်ခဲ့ပြီး လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူလေးဦး သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-06-03
ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်းဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တားဆီးပြီး ကားပေါ်မှာပါလာတဲ့ အစ္စလာမ်ဘာသာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။
2012-06-03
မကွေးမြို့မှာ မြေလတ် ကျောင်းသားများသမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂမရှိရင် အခွင့်အရေးမရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။