သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-21
(၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ သြဂုတ်လ (၈) ရက်နေ့ ကျင်းပသွားဖို့ရှိပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား လာရောက်ဖို့ စီစဉ်နေကြတယ်လို့ သတင်းရပါတယ်။
2012-07-20
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်း များပြားလာတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြားလာတယ်လို့ သိရပါတယ်။
2012-07-20
ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-07-20
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွာသာကြီးမှာ လယ်သမား ၃ဝဝ ကျော် ဒီကနေ့ စုဝေးဆန္ဒပြခဲ့ ကြပါတယ်။
2012-07-20
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2012-07-20
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်ဟာ လာမဲ့ ၂၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်မယ်လို့သိရပါတယ်။
2012-07-20
ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ပေါ်နဲ့ မြို့နယ်တွေက HIV/AIDS ဝေဒနာရှင်တွေဟာ ARV ဆေးဝါး ပြတ်လပ်သွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
2012-07-20
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲ အချိန်က ရေပေါ်ရှပ်ပြေး ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း RFA က စုံစမ်းသိရပါတယ်။
2012-07-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပဏာမ ရွေးချယ်ထားတဲ့ သရုပ်ဆောင် ၁၁ ဦးကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံပြီး လူတွေ့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
2012-07-19
အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။
2012-07-19
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက နယူးဒေလီမြို့ BCRC ခန်းမဆောင်မှာ မနေ့က ကျင်းပခဲ့ကြပါတယ်။
2012-07-19
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အတွင်း ဖြေရှင်းနိုင်ရေးအတွက် လာမယ့် သြဂုတ်လ (၁၄) ရက်နေ့မှာ နိုင်ငံတကာ စည်းဝေးပွဲတစ်ရပ် ကျင်းပမယ်လို့ မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။
2012-07-19
ကိုမင်းကိုနိုင် အပါအဝင် (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဟောပြောတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်တိုင်း သုံးခွမြို့နယ် ပျဉ်းမကန် စံပြကျေးရွာက ကိုးနဝင်း ဓမ္မာရုံမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ပရိသတ် ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
2012-07-19
အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို ဒီနှစ်မှာ စတင်ပြီး ခမ်းနားစွာ ပြန်လည်ကျင်းပခဲ့သလို ပြည်သူအများကိုလည်း အရင်လိုမဟုတ်ဘဲ အာဇာနည် ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရဝ ပြုခွင့် ပေးခဲ့ပါတယ်။
2012-07-19
မကွေးမြို့မှာတော့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားကပဲ ဗိုလ်ချုပ်ကြေးရုပ် ရှိတဲ့ပန်းခြံကို မြို့ခံတွေ သွားရောက် ဂါရဝပြုခဲ့တယ်လို့ မကွေးမြို့ ပွင့်လင်း လူ့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်သူ ကိုမောင်မောင်စိုးက ပြောပါတယ်။