သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-19
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း လယ်ယာမြေ ဧက (၃၀၀) ကျော် အဓမ္မ သိမ်းယူခံထားရတဲ့ တောင်သူ (၆၀) ကျော်ရဲ့ အရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းမှာရှိတဲ့ Mr. Brown ကဖေးမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2012-07-19
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို ဒီကနေ့ မန္တလေး၊ မြင်းခြံ၊ ပဲခူး၊ တောင်ငူနဲ့ ပဲနွယ်ကုန်း မြို့နယ်တွေမှာ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
2012-07-19
ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ဒီကနေ့မနက် ကျင်းပတဲ့ (၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ အစိုးရ ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က နယ်ချဲ့လက်ပါးစေတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တခြား အာဇာနည် ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဦးဘဝင်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နဲ့ ရဲဘော် ကိုထွေးတို့ရဲ့ အုတ်ဂူတွေမှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
2012-07-18
အမေရိကန် ပြည်ထောင်စုကို မြန်မာ့သွင်းကုန်တွေ တင်သွင်းခွင့်ကို အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက နောက်ထပ်သုံးနှစ် ပိတ်ပင်လိုက်ပါတယ်။
2012-07-18
မွန်ပြည်နယ်မှာရှိတဲ့ မွန်ဒီမိုကရေစီပါတီ (MDP) နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှစ်ပါတီ တို့ဟာ နာမည်သစ်နဲ့ တစ်ပါတီအဖြစ် ပေါင်းစည်းဖို့ နှစ်ဖက် ပါတီခေါင်းဆောင်တွေ သဘောတူခဲ့ကြပြီလို့ သိရပါတယ်။
2012-07-18
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေကို မူရင်းနိုင်ငံမှာ ကလေး မွေးဖွားဖို့ ပြန်ပို့မယ်ဆိုတဲ့ ထိုင်း အလုပ်သမား ဝန်ကြီးရဲ့ ကြေညာချက်အပေါ် ပြန်လည် သုံးသပ်ဖို့ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဆီကို အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က စာရေးသား တိုက်တွန်း လိုက်ပါတယ်။
2012-07-18
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရမှုရဲ့ နောက်ကွယ်မှာ ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ ပါဝင်ပတ်သက်မှု ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် အဲဒီကာလ မြန်မာခေါင်းဆောင်တွေက ယုံကြည်ယူဆခဲ့ကြကြောင်း၊ ဒါပေမဲ့လည်း မြန်မာပြည် လွတ်လပ်ရေး ရရှိမယ့်ဆဲဆဲကာလ ဖြစ်တဲ့အတွက် မြိုသိပ်ထားခဲ့ရကြောင်းနဲ့ ဘာကြောင့် အဲဒီလို ထင်မြင်ယူဆကြတာလဲ ဆိုတဲ့ သမိုင်းနောက်ခံ အကြောင်းတွေနဲ့ ပတ်သက်ပြီး ဝါရင့် နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ရဲ့ပြောကြားချက်တွေကို ဒေါ်ခင်ခင်အိက မေးမြန်း တင်ပြထားပါတယ်။
2012-07-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NLD က ထုတ်ပြန်ပြောဆိုပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။
2012-07-18
သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် ၁၂ ဦး နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး နိုင်ငံ တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပေါင်း ၃၀ ကျော် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-07-18
၆၅ ကြိမ်မြောက် အာဇာနည်နေ့အကြို အခမ်းအနားကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း (၁၀၇) ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေသခံ NLD ပါတီဝင်တွေ အပါအဝင် လူအင်အား ၁၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
2012-07-18
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ထုအရပ်မှာရှိတဲ့ le Form ကုမ္ပဏီ အတွင်းခံ အဝတ်အထည်တွေချုပ်တဲ့ စက်ရုံ ရုတ်တရက် ပိတ်လိုက်တဲ့ အတွက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၃၀၀) ကျော်ရဲ့လုပ်အားခနဲ့ နစ်နာကြေး အပါအဝင် အလုပ်သမား အခွင့်အရေးတွေအတွက် ထိုင်း အလုပ်သမား ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေက မနေ့က စက်ရုံမှာ ဝင်ရောက် ညှိနှိုင်းပေးခဲ့လို့ လုပ်ငန်းရှင်နဲ့ အလုပ်သမား ပြေလည်မှု ရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
2012-07-18
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သီတဂူ ဆရာတော် အရှင် ဉာဏိဿရက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ရဟန်းတော်များ စေလွှတ်ပြီး ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် ဆောင်ရွက်မယ်လို့ မိန့်ဆိုကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED အဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
2012-07-18
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အမေရိကန် အောက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal ဆုကို လက်ခံရယူဖို့ လာမယ့် စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်လိမ့်မယ်လို့ အမေရိကန် လွှတ်တော်ဆိုင်ရာ အရာရှိတွေက ပြောလိုက်ပါတယ်။
2012-07-17
ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား ချက်နိုင်ငံခြားရေး ဝန်ကြီး Karel Schwazenberg ဟာ မနေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဝါရောင် နှင်းဆီပန်းခြောက် တစ်ပွင့် ပေးအပ်လိုက်ပါတယ်။
2012-07-17
ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေကို သက်ဆိုင်ရာက ဆန္ဒပြခွင့် မနေ့က ပေးလိုက်ပြီလို့ သိရပါတယ်။