သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-17
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အရာရှိကြီးတစ်ယောက်ကို ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို ARU ခေါ် နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
2012-07-17
လူတွေသေကြေ ပျက်စီးရတဲ့ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် နေရပ်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် တောင်ကိုရီးယားနိုင်ငံက ရွက်ဖျင်တဲတွေ ပေးပို့မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။
2012-07-17
မြန်မာနိုင်ငံတဝှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။
2012-07-17
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်း ပြောဆိုဆွေးနွေးရာမှာ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
2012-07-17
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာကျောင်းမှာ မြန်မာ ဆရာတော် ကျောင်းထိုင် ခန့်အပ်ရေးအတွက် ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီးကျောင်းကို လာရောက် လေ့လာပါတယ်။
2012-07-16
မြန်မာအစိုးရ အနေနဲ့ ထင်သာမြင်သာရှိပြီး အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။
2012-07-16
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲတွေကြောင့် ပြည်ပ သတင်းစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုပိုပြီး ဖော်ပြလာတာ တွေ့ရပါတယ်။
2012-07-16
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။
2012-07-16
မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအဝင် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-07-16
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-07-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
2012-07-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ဝန်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
2012-07-16
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့က ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။
2012-07-16
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲကို ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးမြို့ ၈၄ လမ်းရှိ DNG စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးခဲ့ပြီး စာအုပ်ပေါင်း တစ်ထောင်လောက် ရောင်းချခဲ့ရတယ်လို့ ကြားသိရပါတယ်။
2012-07-15
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။