သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-07
မနေ့ ညက ပြန်လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို နေအိမ်ပြန်ရောက်ချိန်မှာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2012-07-07
အုပ်ချုပ်ရေးစံနစ် ပြောင်းလဲလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့ အမူအကျင့်ဟောင်းတွေကို စွန့်ပယ်ပြီး ခေတ်စံနစ်နဲ့အညီ အတွေးအခေါ် အမူအကျင့်တွေ ပြောင်းလဲဖို့ လိုအပ်လာပုံကို ဆွေးနွေးထားကြပါတယ်။
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား မကျင်းပနိုင်အောင် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ပြန်လည် လွတ်မြောက်လာအပြီး ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2012-07-07
ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့အတွက် ဗြိတိန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ရန်ပုံငွေရှာပွဲတစ်ရပ် မနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
2012-07-07
မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်း ၈ လိုင်းထက်မနည်း ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ အဲဒီ လေကြောင်းလိုင်းတွေ ကတော့ ဂျပန်က All Nippon လေကြောင်းလိုင်း၊ Qatar လေကြောင်းလိုင်း၊ သိရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်း၊ Hong Kong Express လေကြောင်းလိုင်း၊ ပါကစ္စတန် လေကြောင်းလိုင်း၊ ကိုရီးယား လေကြောင်းလိုင်းနဲ့ တိုင်ပေ အခြေစိုက် EVA လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။
2012-07-07
ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံရခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်ကို မြေလတ် ဗကသ ကျောင်းသားများက မကွေးမြို့မှာ ကျင်းပခဲ့ကြပါတယ်။
2012-07-07
လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို OTOP ခန်းမမှာ ကျင်းပဖို့ ၁၉၆၂ ခုနှစ်က ၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်းအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ဖျက်သိမ်း လိုက်ရပါတယ်။
2012-07-07
ဒီကနေ့ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
2012-07-07
မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ဘဝအခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး လက်တွဲပြီး အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2012-07-07
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။
2012-07-07
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာလည်း ဇူလိုင်လ (၇) ရက်နေ့ အခမ်းအနားနဲ့ စကားဝိုင်းတခုကို CDO Resource Center မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2012-07-07
မန္တလေးမြို့ အထက်ဗမာပြည် ဗကသက ကျောင်းသား (၈) ဦး အဖမ်းဆီးခံနေရစဉ် အတောအတွင်းမှာပဲ ကျန်ရှိနေတဲ့ ဗကသ ကျောင်းသားတွေက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂) လမ်းမှာရှိတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ ကျရောက်တဲ့ အနှစ် (၅၀) မြောက် ဇူလိုင် (၇) ရက် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
2012-07-07
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-07-07
မိမိ စွဲကိုင်ထားတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ရှင်သန်လှုပ်ရှားရင်း တွေ့ကြုံလာတဲ့ အခက်အခဲ၊ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်တွန်းလှန်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေး၊ အမြင်၊ အယူအဆတွေကို ဒေါ်ခင်ခင်အိက တင်ပြထားတာ ဖြစ်ပါတယ်။