သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-04
အခု တစ်ပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းမှာ The Voice နဲ့ Envoy ဂျာနယ်တွေ အပိတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ သတင်း မီဒီယာ လောကအပေါ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို မြန်မာ သတင်းသမားတွေက ရန်ကုန်မြို့မှာ စနေနေ့က ပြုလုပ်ခဲ့ကြပါတယ်။
2012-08-04
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2012-08-04
လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2012-08-04
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တို့ဟာ မနေ့တုန်းက ပြည်သူ့လွှတ်တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-08-04
မြန်မာသတင်းသမားတွေက လက်ရှိ သတင်းမီဒီယာလောက အပေါ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2012-08-04
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
2012-08-04
သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2012-08-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံ ပါတီဝင်တွေနဲ့ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာဂဏန်းလောက် မနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
2012-08-03
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်က ရခိုင်တိုင်းရင်းသား ဦးစောအောင် ပိုင်ဆိုင်တဲ့ မြန်မာ့ဥယျာဉ် အမည်ရှိ အရောင်းဆိုင်ကို သောကြာနေ့ ညနေ (၅) နာရီလောက်က အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
2012-08-03
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့မှာ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်လို့ UNHCR မဟာမင်းကြီးရဲ့ သဘောထား ပြောကြားချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ နေ့လည် (၁) နာရီက ပြည်သူလူထု အယောက် (၂၀) ခန့် စုဝေးကြွေးကြော်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2012-08-03
မြန်မာနိုင်ငံမှာ မွတ်စလင် ရိုဟင်ဂျာတွေကို ဆက်လက်ပြီး အန္တရာယ် ပြုနေမယ်ဆိုရင် မိမိတို့အနေနဲ့ တိုက်ခိုက်ရေးစစ်ပွဲ ဆင်နွဲှမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အကျဉ်းထောင်ရှိ အစ္စလာမ်ဝါဒီ အစွန်းရောက် ခေါင်းဆောင် တစ်ဦးက ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
2012-08-03
X2O သြင်္ကန်မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို အစိုးရက ဒီနေ့ နေ့လည်က ပြန်လွှတ်ပေးလိုက်ပါတယ်။
2012-08-03
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-08-03
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမယ့် နိုင်ငံရေးပါတီ ၁၄ ပါတီထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနား နေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-08-03
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်က မနေ့က အတည်ပြု လိုက်ပါတယ်။