သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-03
ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် (၄) ဦးဟာ ပဲခူးတိုင်း ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ ပေါင်းတည် စတဲ့ မြို့တွေကို သွားရောက်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆွေးနွေး ဟောပြောကြောင်း သိရပါတယ်။
2012-08-03
ဟင်္သာတမြို့သူ မြို့သားတွေက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စုပေါင်းအလှူကို ဆရာတော် ဦးသုမင်္ဂလ ကတစ်ဆင့် လှူဒါန်းတဲ့အခါမှာ ရေစက်ချ တရားဟောခွင့် ပိတ်ပင်ခံရတယ်လို့ သတင်းရရှိပါတယ်။
2012-08-03
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားတွေက သူတို့ သွားလာရေး အခက်အခဲ ကြုံနေရတာ ဖြေရှင်းပေးဖို့ ကျောင်းသား အယောက် ၂၀၀ ကျော် လက်မှတ်ထိုးပြီး ပါမောက္ခချုပ်ကို သွားရောက် အရေးဆိုကြတယ်လို့ သတင်းရရှိပါတယ်။
2012-08-02
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
2012-08-02
မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ဝန်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
2012-08-02
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ဝန်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
2012-08-02
ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ချိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
2012-08-02
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2012-08-02
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။
2012-08-02
မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့ နေရာမှာ တက္ကသိုလ် ဆရာ ဆရာမတွေရဲ့ အရည်အချင်း မြှင့်တင်ရေးက တဆင့် ကျောင်းသူ ကျောင်းသားတွေအတွက် သင်ကြားပို့ချတဲ့ အရည်အသွေး ကောင်းလာဖို့ ဆိုတဲ့ပုံစံမျိုးနဲ့ ပထမ ခြေလှမ်းအဖြစ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မင်္ဂလာ မြန်မာအဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။
2012-08-01
ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
2012-08-01
ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကို စစ်တွေမြို့က ရခိုင် ဒုက္ခသည်တွေကို စောင့်ရှောက်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသက မနေ့မနက်ပိုင်းက အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း ဆရာတော်က RFA ကို မိန့်ကြားပါတယ်။
2012-08-01
နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်တဲ့အနေနဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေးသွားဖို့နဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယ အစိုးရက မနေ့က ပြောဆိုလိုက်ပါတယ်။
2012-08-01
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ ၈၅ သန်း အကူအညီ ပေးမယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
2012-08-01
ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင်-မောင်းတော ထောင်တွေကနေ ရန်ကုန် အင်းစိန်ထောင်ကို မနေ့က အကျဉ်းသား ၁၇၀ ကျော် ပြောင်းရွှေ့လိုက်ပြီး အဲဒီထဲမှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်သူကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။