သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-17
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် ဒီကနေ့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
2012-09-17
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။
2012-09-17
တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။
2012-09-17
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်း၊ တက္ကသီလာ ဇေယျသိဒ္ဒိကျောင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။
2012-09-17
စာနယ်ဇင်း ဥပဒေကြမ်းရေးဆွဲဖို့ ရည်ရွယ်ချက်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ အစည်းအဝေး ပြုလုပ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
2012-09-17
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ကမ္ဘာတဝှမ်းမှာ လူ့အခွင့်အရေး ဖိနှိပ်ခံနေရတဲ့ စာရေးဆရာတွေကို နှစ်စဉ်ချီးမြှင့်နေတဲ့ “ံHellman- Hammett” ဆုကို ဒီနှစ်အတွက် မြန်မာနိုင်ငံက သတင်းသမား၊ စာရေးဆရာ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေးကို ချီးမြှင့်လိုက်ပါတယ်။
2012-09-17
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေကို စည်ပင်၊ ရဲစတဲ့ ရာနဲ့ချီတဲ့ အာဏာပိုင်တွေက ဘူဒိုဇာမြေထိုးစက်တွေသုံးပြီး ဒီကနေ့ အဓမ္မဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
2012-09-17
နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-09-16
မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၅ ဦး အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင် ၁၇ ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ Local Government Development Training တက်ရောက်ဖို့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေမှာ ရန်ကုန်ကနေ ချင်းမိုင်မြို့ကို ရောက်ရှိသွားပါတယ်။
2012-09-16
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း (ယာယီ)ကို ဖွဲ့စည်းတဲ့ အခမ်းအနား တစ်ရပ်ကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပန်ဒါဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2012-09-16
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီလူမျိုး (၁၀)ယောက်ကို လမ်းပြအဖြစ် လိုက်ပါလာသူ မြန်မာတစ်ဦးနဲ့အတူ စက်တင်ဘာလ (၁၄) ရက်နေ့ ညက ဖမ်းမိတယ်လို့ သိရပါတယ်၊ မြို့နယ်ရဲစခန်းကို ဒေသခံတွေ သတင်းပေးလာတာကြောင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကလေးမြို့နယ်မှူးက အခုလို ပြောပါတယ်။
2012-09-16
Myanmar Peace Center က ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ချက်ထရီယံဟိုတယ်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
2012-09-16
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
2012-09-16
ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။
2012-09-16
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။