သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-03
အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ရဲ့ ဖားအံမြို့မှာ ပြုလုပ်တဲ့ တတိယအကြိမ် ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲပြီး နှစ်ဘက်လိုက်နာရမဲ့ စည်းကမ်းချက်များ သတ်မှတ်ရေးကို ဆွေးနွေးကြပါတယ်။
2012-09-02
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရသေ့တောင်မြို့မှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု စည်းဝေးပွဲကြီးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားရာမှာ အဲဒီ စည်းဝေးပွဲကို စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပဖို့ လူထုစည်းဝေးပွဲ ဖြစ်မြောက်ရေး ကော်မတီက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2012-09-02
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတဝိုက် ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
2012-09-02
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို သောကြာနေ့က ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် သူ့ရဲ့နောက်ဆုံး အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ မနေ့က မုံရွာမြို့ကို ထွက်ခွာ သွားကြတယ်လို့ သိရပါတယ်။
2012-09-02
အခု တစ်ပတ် တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ ဖြစ်ပေါ်ပြောင်းလဲမှု သတင်းတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းနဲ့ ဝါရင့် မြန်မာ့အရေး လေ့လာသူ နှစ်ဦးရဲ့ ဆွေးနွေးချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။
2012-09-02
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စတင် ထုတ်ဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်က မနေ့က ပြောကြားလိုက်ပါတယ်။
2012-09-02
မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ဝန်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။
2012-09-02
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ဝတ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ဝင်ရောက်လာသူတွေ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-02
ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
2012-09-02
သမ္မတရုံးဝန်ကြီးတွေ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ ဒုတိယဝန်ကြီး ဦးအောင်သိမ်း တို့ဟာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ရွှေလီလမ်း၊ ဗဟန်း မြို့နယ်မှာရှိတဲ့ Myanmar Peace Centre မှာ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-09-02
အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိ ုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအဝိုင်း အနီးကနေ ရက်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-09-02
နှစ်ပေါင်း ၂၄ နှစ်ကြာဝေးကွာနေတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည် ဆုံစည်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2012-09-02
ထိုင်းနိုင်ငံ ပါလီမန်လွှတ်တော်နဲ့ ဒေသန္တရ အုပ်ချုပ်ရေး ဆိုင်ရာတွေကို သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ အပါအဝင် လူထု အခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင် ၂၂ ဦးဟာ ဒီကနေ့ ညနေပိုင်းက ချင်းမိုင်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွာသွားကြပါတယ်။
2012-09-02
သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအဝင် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။
2012-09-01
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တိုစတား သတင်းစာတိုက်ရှေ့မှာ ကနေဒါရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ရိုဟင်ဂျာတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး တိုရွန်တိုစတား သတင်းစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။