သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-03
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းက တောင်သူတွေဟာ အစိုးရက သိမ်းယူထားတဲ့ ယာမြေတွေ ပြန်လည်ရရှိရေးအတွက် အဲဒီမြေနေရာတွေကို ဝင်ရောက်ပြီး ခုတ်ထွင်ရှင်းလင်းနေကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-03
နတ်တော်လဆန်း ၁ ရက်၊ မနေ့က ကျရောက်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့နဲ့ နယ်မြို့ အတော်များများမှာ ကျင်းပခဲ့သလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း ကျင်းပခဲ့ပတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2013-12-03
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း၊ တမာကုန်းရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု ၄၈ စုကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ တရားစွဲခံရသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-03
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ အီတာလျံ- ထိုင်းကုမ္ပဏီကို ရပ်ဆိုင်းလိုက်ပြီး တခြားကုမ္ပဏီတွေ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလာနိုင်အောင် တင်ဒါအသစ်ခေါ်ယူသွားမယ်လို့ ရန်ကုန်မြို့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ ဒီဇင်ဘာလ ၂ ရက် မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-03
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လာရောက်ခိုလှုံနေကြတဲ့ တာလောကြီးဒေသ စံကင်းကျေးရွာက စစ်ပြေးဒုက္ခသည်တွေဟာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ မူရင်းနေရပ်ကို ဒီဇင်ဘာလ ၂ ရက်၊ မနေ့က ပထမဆုံးအသုတ်အဖြစ် ပြန်သွားကြပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-12-03
မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်း သားတွေရဲ့ ဝါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆု ချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-12-03
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေး မှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
2013-12-03
ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက် က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည် ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြ ပါတယ်။
2013-12-03
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်း ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2013-12-03
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို နိုင်ငံတော်သမ္မက ငြင်းပယ်မှု မရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားပါတယ်။
2013-12-03
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတည်ဆောက်မှု စတင်တဲ့ အခမ်းအနားကို နိုဝင်ဘာလ ၃ဝ ရက်၊ စနေနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2013-12-03
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ မကြာသေးခင်ရက်ပိုင်းက မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တာနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ရှုတ်ချတဲ့ ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-03
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း (၁၊ ၂၊ ၃) ရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသူတွေဟာ တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီးဆန္ဒပြဖို့ ဒီနေ့ သရဏဂုံတင်လိုက်ကြပြီး ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-03
ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် (အသက် ၉၂ နှစ်) ရဲ့ ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်၊ စနေနေ့က ရေဝေးသုဿာန်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။