သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-21
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စား လှယ်တွေ တက်ရောက်တဲ့ အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်း ညီလာခံနဲ့ အာဆီယံ ပြည်သူ့ဖိုရမ် အစည်း အဝေးကို ရန်ကုန်မြို့၊ မြန်မာကွန်ဗန်ရှင်းစင်တာမှာ ဒီနေ့ စတင်ကျင်းပခဲ့ပါတယ်။
2014-03-21
မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2014-03-21
အမျိုးသားပညာရေး ဥပဒေကြမ်းထဲ မှာ ကျောင်းသားသမဂ္ဂတွေ ပြန်လည်ထားရှိဖို့အတွက် ထည့်သွင်းရေးဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရံှုးနိမ့်ခဲ့ပါတယ်။
2014-03-21
နိုင်ငံဝန်ထမ်းတွေရဲ့ လက်ရှိလစာငွေကို ကျပ်၂ သောင်း တိုးမြင့်ပေးမယ့်အပြင် ပင်စင်လစာတွေကိုလည်း အချိုးကျတိုးမြင့်ပေးမယ့် ဥပဒေကြမ်းကို ဘဏ္ဍာရေးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2014-03-21
မြန်မာနိုင်ငံမှာ နေ့အပူချိန်လွန်ကဲပြီး ခရမ်းလွန်ရောင်ခြည် မြင့်တက်နေတဲ့အတွက် မွန်းတည့်ချိန် မှာ နေပူထဲ သွားလာတာတွေကို ဖြစ်နိုင်ရင် ရှောင်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေးထားပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်း ထားပါတယ်။
2014-03-21
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်"အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-03-21
၂ဝ၁၄ ခုနှစ် အကုန်လောက်မှာ လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
2014-03-21
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာအုပ်စု သပိတ်ကုန်းကျေးရွာမှာ တပ်ပိုင်မြေထဲမှာ ခြံခတ်တယ်လို့ စွပ်စွဲပြီး ရွာသားလေးယောက်ကို အမှတ် (၄) လေ့ကျင့်ရေး သင်တန်းကျောင်းက စစ်သားတွေက ရိုက်နှက်ပြီး ခြံစောင့်တဲကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
2014-03-21
မကွေးတိုင်း ပခုက္ကူမြို့မှာ ဒေသခံတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက် ထားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်ပါတယ်။
2014-03-21
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကနေ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်းတစ်ရပ်ကို အစိုးရနဲ့အတူ ထပ်မံပြင် ဆင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ အဲဒီအတွက် ပါဝင်ရေး ဆွဲကြမယ့် ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ခဲ့ကြ ပါတယ်။
2014-03-21
မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိခဲ့တဲ့ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး မစ္စတာကာရယ်ဒီဂုချ် Karel De Gucht ဟာ အမျိုးသားစီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာကံဇော် နဲ့ မနေ့က နေပြည်တော်မှာတွေ့ ဆုံခဲ့ပြီး၊ EU နဲ့ မြန်မာကြား ရင်းနှီးမြှုပ်နှံမှု အကာ အကွယ်ပေးရေး စာချုပ်ချုပ်ဆိုနိုင်အောင် ဆွေးနွေးညှိနှိုင်းဖို့ သဘောတူခဲ့ကြကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။
2014-03-20
နိုင်ငံရေးပါတီတည်ထောင် သူတွေဟာ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2014-03-20
လူငယ်တွေ ရရာအလုပ်ကို ရှာလုပ်ကြဖို့နဲ့ အလုပ်လုပ်တတ်တဲ့ အလေ့အကျင့် ကို မွေးမြူကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2014-03-20
မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေ သတွေမှာ နေ့အပူချိန် လွန်ကဲနေ တာကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့် ၁၂ ကျော်အထိရှိနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြော ကြားပါတယ်။
2014-03-20
ပြည်တွင်း ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုး အင်အားစုအားလုံးပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကို လာမယ့် ဧပြီလနောက်ဆုံးပတ်၂၇ ရက် ကနေ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှာ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ညီလာ ခံဖြစ်မြောက်ရေး ကော်မတီဝင်တွေက ပြောပါတယ်။