သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-04
၂ဝ၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပွဲ ဖွင့်လှစ်တဲ့ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ စနေနေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-03-04
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတဲ့ မကိုက်ညီတဲ့ပုဒ်မတွေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့အတွက် လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ အရပ်ဖက် လူမှုအဖွ့ဲအစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-04
မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သမားတွေက သူတို့ဆီကနေ သမဝါယမဝန်ကြီးဌာနက သိမ်းယူခဲ့တဲ့ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိရေး စတင်လုပ်ဆောင်တဲ့အနေနဲ့ အဲဒီမြေတွေမှာ စုပေါင်းထွန်ယက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2014-03-04
၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတဲ့ မကိုက်ညီတဲ့ပုဒ်မတွေ ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ စနေနေ့က ပဲခူးမြို့မှာ လူအင်အား သုံးထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-03
အမျိုးစောင့်ဥပဒေ ပြဌာန်းရေး၊ မြန်မာအမျိုးသမီးတွေရဲ့ အကာအကွယ်မဲ့မှုနဲ့ မြန်မာနိုင်ငံမှာ အထက်အာဏာပိုင်တွေကို လက်အုပ်ချီတဲ့ဓလေ့ ထွန်းကားနေမှု စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ရွှေဝါရောင်ဆရာတော် အရှင်ဇဝနကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လျှောက်ထားမေးမြန်းထားပါတယ်။
2014-03-03
အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားတွေအပေါ် ဖမ်းဆီးအရေးယူမယ့် မူဝါဒကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။
2014-03-03
မြန်မာ့ပိုင်နက်မြေကို အသုံးချပြီး၊ အိန္ဒိယနိုင်ငံရဲ့ အကျိုစီးပွားကို နှောင့်ယှက် ဟန့်တားနေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဆက်လက်ခွင့်ပြုမှာ မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကတိပြု ပြောကြားခဲ့ပါတယ်။
2014-03-03
ရခိုင်ပြည်နယ်မှာ ဆက်လက်ဆောင်ရွက် ခွင့်မရတော့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည် နယ်အာဏာပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။
2014-03-03
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မကြာခဏ လမ်းလျှောက်ဆန္ဒပြနေတဲ့ ဆရာတော် ဦးရက္ခဝံသဟာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်ရေး အတွက် တောင်ကြီးမြို့ကနေ ရန်ကုန်မြို့ထိ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိန့်ကြားလိုက်ပါတယ်။
2014-03-03
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့က ဒေသခံ ၅၀၀ နီးပါးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံရေးမှာ တပ်မတော် ပါဝင်ထမ်းဆောင်နိုင်ရေး ပုဒ်မ ၆(စ) ၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉ (ဃ) နဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-03-03
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အစိုးရဆီ ပေးပို့ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းမှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအာမခံချက်ရှိတဲ့ ပြည်ထောင်စုတစ်ရပ် ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားတယ်လို့ NCCT အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ဒီကနေ့ ပြောပါတယ်။
2014-03-03
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ခေါင်းဆောင်တွေဟာ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို လာရောက်လေ့လာပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
2014-03-03
လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရက ဖြေရှင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို လွှတ်တော်က အချိန်တပြေးညီ သိရှိနိုင်ဖို့အတွက် အစိုးရကဖွဲ့စည်းထားတဲ့ မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2014-03-02
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဒေသက လယ်တီသိမ်ကျောင်းနဲ့ စေတီတွေ ရွှေ့ပြောင်းခံရမယ့်အရေးနဲ့ ပတ်သက်ပြီး ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-02
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင် ကြေးနီစီမံကိန်းနယ်မြေ၊ ကံကုန်းရွာအနီးက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံက ထွက်တဲ့ အခိုးအငွေ့တွေကြောင့် ရွာသားတွေ ကျန်းမာရေး ထိခိုက်နေကြရတာနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့လက စက်ရုံကိုတင်ပြခဲ့ပေမဲ့ ဒီနေ့အထိ ဖြေရှင်းမပေးသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။