သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-02
တောင်သူလယ်သမား အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဆရာစံရဲ့ မွေးနေ့ သို့မဟုတ် တောင်သူလယ်သမား အရေးတော်ပုံ စတင်ခဲ့တဲ့နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ပေးစေချင်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့မှာ ကျင်းပတဲ့ တောင်သူ လယ်သမားနေ့ အခမ်းအနားက ကြေညာချက် ထုတ်ပြန် ပါတယ်။
2014-03-02
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကလွဲပြီး၊ မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ လုပ်ငန်းတွေပြန်စဖို့ အစိုးရက ခွင့်ပြုလိုက်ကြောင်း MSF က ပြောပါတယ်။
2014-03-02
အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလ အတွင်းမှာ တောင်သူလယ်သမားတွေနဲ့ နိုင်ငံ သားအားလုံးအတွက် ကျေးလက်ဒေသ ဖံ့ွဖြိုးရေး လုပ်ငန်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
2014-03-01
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ လက်ပံတောင်းတောင် ဒေသခံပြည်သူတွေရဲ့ လက်ရှိဘဝနဲ့ သဘောထားအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2014-03-01
MSF ခေါ် နယ်စည်းမထား ဆရာဝန်များ အသင်းကို အစိုးရက မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့ကြောင်း အဖွဲ့ကကြေညာချက်ထုတ်ပြီး နောက်တနေ့မှာ MSF အဖွဲ့ကို ရခိုင်ပြည်နယ်ကလွဲလို့ တခြားဒေသတွေမှာ ဆက်ပြီးလုပ်ကိုင်ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ MSF အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
2014-03-01
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်း ဖွင့်ဆောင်ရွက်တဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့တာ ၁၄ လပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲကို မနေ့က လက်ပံတောင်းတောင်ဒေသမှာ ပြုလုပ်ခဲ့ရာ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
2014-03-01
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာ ကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ဝင်ရောက်ထွန်ယက်ကြပါတယ်။
2014-03-01
ရန်ကုန်တိုင်းဒေသကြီး သာကေတနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) (ဃ) တွေကို ပြင်ဆင်ပေးဖို့အတွက် ဒီနေ့ ဒေသခံပြည် သူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-03-01
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာမှာ မတ်လ ၁ ရက်နေ့ကစပြီး ဝေးလံခေါင်းပါးပြီး ဘာသာစကား အခက်အခဲရှိတဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ ပိုင်းဒေသတွေမှာ သတ်မှတ်ထားတဲ့ရက်ထက် ကြိုတင်ကောက်ယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီက ဒီနေ့ ပြောပါတယ်။
2014-03-01
"ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ပြည်ထောင်စုသိပ္ပံအဖွဲ့" ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်
2014-03-01
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိနေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ပထမဆုံးအကြိမ် ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-01
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က ကွန်ဂရက်လွှတ်တော်နဲ့ မြန်မာသံရုံးရှေ့မှာ ရိုဟင်ဂျာ မွတ်စလင်တွေ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2014-03-01
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာက အစပြုပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-01
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေတို့ရဲ့ ပြောကြားချကတွေကို စုစည်းတင်ပြထားပါတယ်။ ဒီအစီစဉ်ကို RFA ရုပ်သံအစီအစဉ်မှာ သောကြာနေ့ညတိုင်း RFA ရေဒီယိုနဲ့ ရုပ်သံ TV အစီအစဉ်တွေမှာ တစ်ရက်ထဲ ထုတ်လွှင့်နေတာဖြစ်ပါတယ် ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။