သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-24
မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ အဆင့်မီ သတင်းမီဒီယာ သင်တန်းကျောင်းကြီးတစ်ကျောင်း ပေါ်ပေါက်လာရေးအတွက် ဂျာမဏီ၊ ပြင်သစ် ဆွီဒင် စတဲ့ ဥရောပနိုင်ငံတွေက အဖွဲ့အစည်းတချို့က ထောက်ပံ့မယ်လို့ သိရပါတယ်။ ကျောင်းပေါ်ပေါက်လာရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မတီရဲ့ ဥက္ကဌ တာဝန်အပေးခံရတဲ့ မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-24
ကချင်ပြည်နယ်မှာ နိုင်ငံတော်ဘဏ္ဍာ နဲ့ ဆောက်လုပ်နေတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေဟာ အရည်အသွေးညံ့ဖျင်းတဲ့ ပစ္စည်းတွေ အသုံးပြုထား တာကြောင့် ပြင်ဆင်ပေးဖို့ ဒီနေ့ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်က အဆိုတင်သွင်း ရာ ထောက်ခံသူများတဲ့အတွက် ကချင်ပြည်နယ် လွှတ်တော် က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2014-03-24
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ SNLD ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ SNLD ပါတီညီလာခံ မှာ တက်ရောက်သူတွေက သဘောတူကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2014-03-24
ရန်ကုန်တိုင်း ဒေသကြီး မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေပိုင်ဆိုင်မှု ပဋိပက္ခနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးဖို့ မိကျောင်းကန် ရပ်ကွက်မှာ နေထိုင်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒုတိယအကြိမ် သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုလိုက်ပါတယ်။
2014-03-24
မြန်မာနိုင်ငံသား နိုင်ငံခြားသားတွေ မြန်မာ နိုင်ငံမှာ အမြဲနေထိုင်ခွင့် (PR) စနစ်ကို အကောင်အထည် ဖေါ်နိုင်ဖို့ အတွက် နည်းဥပဒေ ရေးဆွဲနေကြောင်း နဲ့ အမြဲနေထိုင်ခွင့် စိစစ်ရေးကော်မတီ ကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားခဲ့ပါတယ်။
2014-03-24
ကချင်ပြည်နယ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ကချင် လူမျိုးလို့ ဖြေဆိုသူတွေကို ဘာမျိုးနွယ်စုလဲ ဆိုတဲ့မေးခွန်း ကိုလည်း မေးမြန်းမှာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဒီနေ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူရဲ့ မေးခွန်း ကို ပြန်လည်ဖြေကြား ခဲ့ပါတယ်။
2014-03-24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အတွက် ၇၅ ရာခိုင်နှုန်းကျော်ရမယ်လို့ ပြောထားတာဟာ လက်တွေ့မှာ ၁၀၀ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်လို့ သတ်မှတ်ထားသလိုဖြစ်နေကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက ဒီနေ့ ပုဂံ ညောင်ဦး လူထုဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
2014-03-24
သန်းခေါင်စာရင်းကိစ္စ နိုင်ငံတော် အစိုးရထံ တင်ပြထားပေမဲ့၊ အကြောင်းမပြန်တဲ့ အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုကို ရခိုင်ပြည်နယ်မှာ သပိတ်မှောက်မယ်လို့ "ရခိုင်ပြည် နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ" က မနေ့က ဆုံးဖြတ်လိုက် ပါတယ်။
2014-03-23
မြန်မာ အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ တန်ဖိုး ကျပ်သုံးသိန်းထက်ကျော်လွန်တဲ့ လက်ဆောင်ပစ္စည်းတွေကို မယူဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တာ ဖြစ်ပြီး၊ ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီးတွေဖြစ်ကြတဲ့ ဦးအောင်သိန်းနဲ့ ဦးကိုနီတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
2014-03-23
ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး က တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် လယ်သမား ၃၀၀ ကျော်လောက် ဟာ ဖမ်းဆီး ခံတောင်သူတွေ ပြန်လွှတ်ပေးဖို့၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲခံ ထားရတဲ့ လယ်ယာမြေ အမှုတွေ ဖြေရှင်းပေး ဖို့ အတွက် ရန်ကုန် တိုင်းဒေသ ကြီး ကော့မှူးမြို့မှာ ဒီကနေ့ မနက် ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
2014-03-23
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ အတွက် ရန်ကုန်၊ မန္တလေး နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွေမှာ ဒီနေ့ ဆန္ဒပြ ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
2014-03-23
ပြည်လုံးကျွတ် သန်းခေါင်စာရင်းပုံစံမှာ ရိုဟင်ဂျာ အမည်ကို ထည့်သွင်းဖြည့် စွက်ခွင့် မပြုဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို အစိုးရက လက်မခံဘူးဆိုရင် သန်းခေါင်စာရင်း ကောက်ခံ တာကိုပါ သပိတ်မှောက်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
2014-03-23
ဒီမိုကရေစီခရီးကို ဖြောင့်ဖြောင့် မတ်မတ် လျှောက်သလား မလျှောက် ဘူးလား ဆိုတာကို ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်တွေကို ပြင်မလား မပြင်ဘူးလား ဆိုတာက သက်သေခံပြသွား မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2014-03-23
ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖါးတောင်ဒေသမှာ ပြုလုပ်မယ့် နီကယ် သတ္တုထုတ်လုပ်ရေး စီမံကိန်းကြောင့် ရရှိ လာမယ့် အကျိုး အပြစ်များကို သုံးသပ်လေ့လာတဲ့ အစည်းအဝေးကို နေပြည်တော် စည်ပင်ရိပ်သာမှာ ဒီကနေ့ ကျင်းပပြီး ဆွေးနွေးချက်တွေကို လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။
2014-03-23
ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့ အတွက် ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ နားက တန်ဖဲကျေးရွာ အထိ မိုင်ပေါင်း ၁၆၀၀ ခရီးကို လမ်းလျှောက် သွားကြမယ့် ဆန္ဒပြ အဖွဲ့တစ်ဖွဲ့ ဟာ ဒီနေ့ မနက် ၄ နာရီလောက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားကြီးရှေ့ကနေ သူတို့ခရီးကို စတင်လိုက်ပါတယ်။