သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-29
ပြည်သူ့လွှတ်တော်ကအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။
2014-04-28
ရခိုင်ပြည်နယ်အတွင်း သန်းခေါင် စာရင်းကောက်ခံခဲ့ရာမှာ ကုဒ်နံပါတ် ၉၁၄ ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး စာရင်းမသွင်းနိုင်ဘဲ ချန်လှပ်ခဲ့ရတဲ့ ဒေသတွေမှာ သန်ခေါင် စာရင်း ပြန်လည်ကောက်ခံနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်တွေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေ က မွတ်စလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2014-04-28
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ INGO တွေရဲ့ အခန်းကဏ္ဍကို ငြင်းပယ်လို့ မရကြောင်းနဲ့ အတူတကွ လက်တွဲဆောင်ရွက်ရေးမူကိုသာ လက်ကိုင်ထား ဖို့ လိုအပ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့ဖြစ်တဲ့ မနေ့က သဘောထားပေးခဲ့ကြပါတယ်။
2014-04-28
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Global Partnerships ခေါ် နိုင်ငံတကာ အရပ်ဘက်ပြည်သူ့ ဆက်ဆံရေးဌာန အထူးကိုယ်စားလှယ် Mr. Andrew O’Brien ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ လာရောက်လည်ပတ်မှာဖြစ်ကြောင်း အမေရိကန် နိုင် ငံခြားရေးဌာနက မနေ့က ထုတ်ပြန်ကြေညာပါတယ်။
2014-04-28
နှစ်တရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီးကို ဗြိတိန်နိုင်ငံက ပညာရှင်တွေနဲ့ ပြင်ဆင်မွမ်းမံသွားမယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနဲ့ အဆင့် မြှင့်တင်ရေးကော်မတီဝင် ရန်ကုန်ဆေးရုံအုပ် ဒေါက်တာဒေါ်ပပကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။
2014-04-28
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲ ပြုလုပ်နေ ပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။
2014-04-28
သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေး နဲ့ သတင်းသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေး အတွက် ဆွေးနွေးကြမယ့် ညီလာခံကို ရန်ကုန်မြို့မှာ မကြာခင် ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်က Home Media ရုံးခန်းမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2014-04-28
တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ ကျော်က လူငယ်ကိုယ်စားလှယ် ၃ ရာကျော် တတ်ရောက်ခဲ့တဲ့ (၆) ကြိမ်မြောက်- မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ တွေ့ဆုံပွဲနဲ့ ညီလာခံကို တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလုံးထားကျေးရွာမှာ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2014-04-28
အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဟာ ကယားပြည်နယ်မှာ ငွေကြေးနဲ့ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေသွေး က တင်ပြထားပါတယ်။
2014-04-28
ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် အများပြည်သူတွေကလည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ် ကြဖို့ လူငယ်တွေစုစည်းပြီး အသိပညာပေးလှုပ်ရှားမှုတခု ပြုလုပ်နေပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-04-28
နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မအဆောက် အဦးကို ဗြိတိန်နိုင်ငံက ပညာရှင်တွေရဲ့ နည်းပညာအကူအညီနဲ့ ပြုပြင်မွမ်းမံသွားမယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်ရေးနဲ့ အဆင့်မြှင့် တင်ရေးကော်မတီက ပြောပါတယ်။
2014-04-28
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့ လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဉ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။
2014-04-28
ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေပြဿ နာတွေကို လာမယ့် မေလထဲမှာ အပြီး သတ်ဖြေရှင်းပေးကြဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဧရာဝတီတိုင်း အစိုးရ အဖွဲ့ကို ညွန်ကြားခဲ့တယ်လို့ လယ်သမား အရေးဆောင်ရွက် သူတွေက ဒီနေ့ ပြော ပါတယ်။
2014-04-28
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့ မှာ ဒေသခံတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးနဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-28
NLD သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ရည်စူးပြီး ရက်လည်ဆွမ်းကျွေး အခမ်းအနားတွေကို NLD ရုံးချုပ်၊ ရန်ကင်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်တွေမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။