သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-01
ဧပြီလ ၁ ရက်နေ့ဟာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ စတင် ထုတ်ဝေခဲ့ကြတာ တနှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ တနှစ်အတွင်း နေ့စဉ်သတင်းစာတွေရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေအပေါ် ထုတ်ဝေသူတွေ၊ ဖြန့်ချီသူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။
2014-04-01
ပဲခူးတိုင်း ပြည်ခရိုင်အတွင်းက သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့၊ ထောင်ဒဏ်အပြစ်ပေးခံနေရတဲ့ လယ်သမားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် မတ်လ ၂၉ ရက် စနေနေ့က ပြည်မြို့မှာ ခရိုင်လုံးဆိုင်ရာ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-04-01
ရန်ကုန်တိုင်း တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်က "မဟာသန္တိသုခ" သာသနာပြုကျောင်းတိုက် တည်ထောင်ခဲ့တဲ့ ပီနန်ဆရာတော် ဦးပညာဝံသနဲ့ တပည့်သံဃာတွေ ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ သံဃာ့မဟာနာယကအဖွဲ့က အကြောင်းကြားတာကို လက်မခံကြောင်း မနေ့က ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-04-01
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGO ရုံးခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိ ရပါတယ်။
2014-04-01
ညီနောင်တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ FUP ပါတီခေါင်းဆောင်တွေကပြောပါတယ်။
2014-04-01
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြသူ ဦးဝင်းချိုနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက် ပါတယ်။
2014-04-01
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် သုံးရာကျော် ကို ပြန်လည်နေရာချထားပေးဖို့အတွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့တွေဟာ ဒီနေ့ညနေပိုင်းက သမီးကလေးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။
2014-04-01
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က မိချောင်းကန်နဲ့ မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းတွေက ဦးဆောင်သူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2014-04-01
သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦမှာ တွေ့ဆုံပြီး အစိုးရကြိုးပမ်းနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-04-01
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို သန်းခေါင်စာရင်းကောက်ယူရာမှာ "လူမျိုး" ဆိုတဲ့ ဇယားကွက်အတွင်း "ရိုဟင်ဂျာ" ဆိုပြီး မဖြည့်သွင်းဖို့ အစိုးရက ကြေညာထားပေမယ့် လက်တွေ့မှာ မလိုက်နာတဲ့သူတွေ အများအပြားရှိနေပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-04-01
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် တွေနဲ့ ပန်းဘဲတန်းမြို့နယ် ဒေသခံတွေ စုပေါင်းပြီး မတ်လ ၃ဝ၊ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-04-01
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ကို တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ) အဖွဲ့ဝင်တွေက မတ်လ ၃ဝ၊ မနေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။ RFA သတင်းထောက် ကိုဝင်းနောင်တိုးက တင်ပြထားပါတယ်။
2014-04-01
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်အိမ်ယာရှေ့က သပိတ်စခန်းနဲ့ မြို့တော်ခန်းမ ရှေ့က မိကျောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့နဲ့ စည်ပင်က အင်အားသုံးပြီး ဖယ်ရှား လိုက်ပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-04-01
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာကနေ စစ်တပ် ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြောင်းရွှေ့ခဲ့ရသူတွေထဲက အများစုဟာ DKBA ကရင် အမျိုးသားတပ်မတော် အခြေစိုက် မြဝတီခရိုင် ဆုံဆည်းမြိုင် ကျေးရွာမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ သဘောတူညီ လိုက်ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထား ပါတယ်။
2014-04-01
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် က တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲရေးအစည်းအဝေးတက်ရောက်ဖို့ မတ်လ ၂၈ ရက်နေ့က တရားဝင်စာနဲ့ အကြောင်းကြားခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ UWSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကို ပြောဆိုပါတယ်။