သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-28
တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၃၀ ကျော် က လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့တဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ တွေ့ဆုံပွဲနဲ့ ညီလာခံကို တနင်္သာရီ တိုင်းဒသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံးထားကျေး ရွာမှာ ဧပြီလ ၂၆ ရက်နေ့ ကစတင်ပြီး ဒီနေ့ အထိ ၃ ရက် တိုင် ကျင်းပခဲ့ပါတယ်။
2014-04-28
လာမယ့် မေလဆန်းမှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ဆွေးနွေးပွဲအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြေလည်မှု မရရှိသေးတဲ့ အဓိကအချက် ၃ ချက်ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အစည်းအဝေး ကျင်းပကြပါတယ်။
2014-04-28
လွန်ခဲ့တဲ့နှစ်ပေါင်း ၆ဝ က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ ၅ ချက် ခေါ် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့် တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။
2014-04-27
မြန်မာနိုင်ငံမှာ ဘာသာ လူမျိုးဆိုင်ရာ ခွဲခြားဖိနှိပ်မှုတွေရှိနေသမျှ အောင်မြင်ရေးလမ်းကြောင်းပေါ် တက်လှမ်းနိုင်မှာမဟုတ်ဘဲ၊ လမ်းလွဲသွားနိုင်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက သတိပေး ပြောကြားလိုက် ပါတယ်။
2014-04-27
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည် ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်တစ်ခုက RFA ကို ပြောပါတယ်။
2014-04-27
ပြီးခဲ့တဲ့ ဧပြီလဆန်းက စပြီး ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနယ်တဝိုက်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ပလောင်တအောင်း တပ်ဖွဲ့တွေရဲ့ အကြား တိုက်ပွဲတွေဟာ အခုရက်ပိုင်းမှာ ပြန်ပြီ်းငြိမ်နေပေမဲ့ အစိုးရတပ်တွေဟာ တနေ့တခြား နယ်မြေတိုးချဲ့ နေရာယူနေတယ်လို့ ပလောင်တပ်ဦးက ပြောပါတယ်။ ပလောင်တပ်ဦးက ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဦးတင်အောင်ခိုင်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-27
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ ခရိုင် ကောလင်းမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေထဲက ဖွဲ့စည်း ပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ (ဃ)တို့ ကို ပြင်ဆင်ပေးဖို့ အတွက် ကောလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-27
ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်အတွက် ၇ ရက်ပြည့် ရက်လည် ဆွမ်းကျွေး အခမ်းအနားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၊ ရန်ကင်းမြို့နယ်နေအိမ်နဲ့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက် နေအိမ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-04-27
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ၊ လယ်သမားတွေ လွတ်မြောက်ဖို့ နဲ့ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းက မကွေးကျောင်းတိုက်မှာ လယ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2014-04-27
မြန်မာနိုင်ငံအတွင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ဖြေရှင်းနိုင် ဖို့အတွက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-04-27
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသား ညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင်ကျင်းပ ပါတယ်။
2014-04-27
ကွယ်လွန်သူ NLD နာယက ဆရာ ဦးဝင်းတင်ကိုရည်စူးပြီး ရက်လည် ဆွမ်းသွပ်အမျှဝေပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့က နေရာ ၃ ခုမှာပြုလုပ်နေကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း နေရာ ၂ ခုမှာမနေ့က ကျင်းပခဲ့ကြပါတယ်။
2014-04-27
ပဲခူးတိုင်း ပြည်မြို့ နဝဒေးတံတားအောက် မှာ မနှစ်က ဧပြီလမှာဖြစ်ခဲ့တဲ့ စစ်သား ၃ ယောက်ရဲ့ လုယက် လူသတ်မှု နဲ့ပတ်သက်လို့ အစိုးရက တရားဥပဒေ စိုးမိုးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေး ဖို့ အာရှလူ့အခွင့် အရေးကော်မရှင် AHRC က မနေ့ကရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
2014-04-27
ကျာက်ဖြူမြို့မှာ ရခိုင်အမျိုးသားညီလာခံကို ဒီကနေ့ တနင်္ဂနွေနေ့ မနက် ၇ နာရီက စတင်ခဲ့ပါတယ်။ ဒီညီလာခံကို ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိမ်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း တို့နဲ့အတူ ပြည် နယ်ဝန်ကြီးချုပ် နဲ့ ပြည်နယ် ဝန်ကြီးတွေ၊ ပြည်ပရောက် ရခိုင်တိုင်းရင်းသား၊ နိုင်ငံရေး၊ လူမှုရေးနဲ့ လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေရောက်ရှိနေပြီး စုစုပေါင်း လူတစ်ထောင် ခန့် တက်ရောက်တယ်လို့ ဆိုပါတယ်။ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီ နာယက တော်လှန်ရေးသမားကြီး ဦးသိန်းဖေက ဒီညီလာခံဟာ ရခိုင်အမျိုးသားတရပ်လုံးရဲ့ အနာဂတ်အတွက် အင်မတန်အရေးပါတဲ့ ညီလာခံဖြစ် တယ်လို့ RFA ကို ပြောပါတယ်။
2014-04-26
ဒီ အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ရည်မှန်းပြီး ဈာပန အခမ်းအနားတွေ မြို့ရွာအများအပြားမှာ တခမ်းတနား ကျင်းပကြတဲ့ ကိစ္စနဲ့ ကချင်ပြည်နယ် စစ်ပွဲတွေ အရှိန်မြင့်လာတဲ့ သတင်းတွေကို အခြေခံပြီး ရန်ကုန်မြို့က သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့် နဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦး ရောဘတ်စန်းအောင်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။