သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-26
ဒီအစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ရည်မှန်းပြီး ဈာပန အခမ်းအနားတွေ မြို့ရွာအများအပြားမှာ တခမ်းတနားကျင်းပကြတဲ့ကိစ္စနဲ့ ချင်ပြည်နယ်စစ်ပွဲတွေ အရှိန်မြင့်လာတဲ့ သတင်းတွေကို အခြေခံပြီး ရန်ကုန်မြို့က သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့်နဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦး ရောဘတ်စန်းအောင်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
2014-04-26
ကချင်ပဋိပက္ခအရေး ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြစ်ကြီးနားမြို့က ကချင်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-26
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က နဝဒေးဥယျာဉ် အိမ်ယာမြေနေရာဟာ အရင်က လယ်သမားတွေ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းခဲ့ပြီး ဆောက်လုပ်တာဖြစ်တဲ့ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ လယ်သမား ၆၀ လောက်က နဝဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြ ပါတယ်။
2014-04-26
သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်ရှိဖို့အတွက် သတင်း မီဒီယာသမားတွေ အားလုံးပါဝင်မယ့် သတင်းမီဒီယာ ညီလာခံတစ်ခုကို မကြာခင် ရန်ကုန်မြို့မှာ ကျင်းပသွားမယ် လို့ မီဒီယာသမားတွေက ဒီနေ့ဆုံးဖြတ်လိုက်ကြပါတယ်။
2014-04-26
ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက် ဖို့ ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံ ညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။
2014-04-26
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်တောင်ဘက် ရေ မိုင် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ဝိုင်စတာ မီးပြ တိုက်အနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က လှေ တစ်စီးနစ်မြုပ်ခဲ့တာကြောင့် လူ ၁၀ ဦးသေ ဆုံးကြောင်း RFA က ဒီကနေ့ သတင်းရရှိပါတယ်။
2014-04-26
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ငယ်စဉ်ကတည်းက အလုပ်ကြိုးစားသူဖြစ်သလို၊ ချိုးခြံချွေတာပြီး တခြားကလေးတွေကို ကျောင်း ထားပေးခဲ့သူဖြစ်တယ်လို့ ဆရာဦးဝင်းတင်နဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ မကွယ်လွန်ခင်အချိန်ထိလည်း ရန်ကင်းမြို့နယ်ကအိမ်မှာ နေထိုင်ခွင့်ပေးခဲ့ သူဖြစ်တဲ့ ဦးအုန်းထွန်းကပြောပါတယ်။
2014-04-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ကောနေတဲ့ ရေကန်ဟောင်း (၄) ကန်ကို ပြန်လည်ပြုပြင်တူးဖေါ်ဖို့အတွက် ကျပ်ငွေ ၁၉၄ သိန်းနီးပါးကို ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်း လိုက်ပါတယ်။
2014-04-25
ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- ဆရာကြီးဦးဝင်းတင် ဟာ နိုင်ငံရေးအရ "သဘောထားတင်းမာသူ" မဟုတ်ဘဲ၊ တိုင်းပြည်အကျိုးအတွက်ဆိုရင် အမြဲတမ်း စေ့စပ် ညှိနှိုင်း အဖြေရှာလိုသူဖြစ်ပြီး "ရပ်တည်ချက်ခိုင်မာသူ" သာ ဖြစ်တယ်လို့ "စာရေးဆရာ မောင်မိုးသူ" က ပြောပါ တယ်။ ဆရာကြီးဦးဝင်းတင်နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာ ဦးမိုးသူနဲ့ တွေ့ဆုံမေးမြန်းချက်- ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2014-04-25
ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင်ဟာ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့စဉ်က အောင်မြင်ထင်ရှားခဲ့တဲ့အကြောင်းနဲ့၊ တိုင်းပြည်ကိုချစ်တဲ့သူ ဖြစ်တဲ့အကြောင်း ဆရာကြီးဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်ခဲ့သူ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။ ဆရာဦးကိုလေးကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-25
ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် အရေးအသားတွေနဲ့ ထုတ်လွှင့်ဖော်ပြ ချက်တွေကို စောင့်ကြည့် လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို တင်ပြသွားမယ်လို့ PEN Myanmar အဖွဲ့က ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-04-25
အခုတခါ RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာ ပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ် တင်ဆက်ထားပါတယ်။
2014-04-25
မြန်မာနိုင်ငံက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ မနေ့က ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
2014-04-25
အပတ်စဉ် သောကြာနေ့ တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ဒီတပတ် မှာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဗိုလ်ချုပ်ဂွမ်မော်၊ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်၊ လွှတ်တော်အမတ် ဦးလှဆွေ တို့ရဲ့ ပြောကြားချက်တချို့ကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက် ထားပါတယ်။
2014-04-25
ကချင်ပြည်နယ်အတွင်း အစိုးရဘက်က တပ်အင်အားတိုးချုဲ့ချရတာဟာ ထိုးစစ်ဆင်ဖို့အတွက် မဟုတ်ဘဲ ခြိမ်းခြောက်မှုတွေရှိလာရင် ဒေသခံလူထုရဲ့လုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်၊ ကချင်ပြည်နယ်ထဲမှာ ဘာကြောင့်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတာပါသလဲ။ ကချင် KIA အဖွဲ့နဲ့ရော အပစ်ရပ်ရေးသဘောတူလက်မှတ် ဘာကြောင့် အခုချိန်ထိမရေးထိုးနိုင်သေးတာလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။