သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-25
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ သတင်းစာသမားဘဝတုန်းက ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်တွေကပါ လေစားသူဖြစ်သလို၊ စတတ်နောက်တတ်သူဖြစ်ကြောင်း ဦးဝင်းတင်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရင်းနှီးသူတွေက ဘကြီးမိုး လို့ခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူက ပြောပါတယ်။
2014-04-25
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွား ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက် စာထားရှိဖို့အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။
2014-04-25
ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လူပေါင်း လေးသောင်းလောက်ကို အလုပ်အကိုင် ခန့်ထားပေးနိုင်မယ်လို့ သီလဝါ အထူးစီးပွားရေးဇုန် တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
2014-04-25
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် ပြုပြင်မွမ်းမံနိုင်ဖို့အတွက် ငါးထပ် လူနာအဆောင်သစ်ကို ဆောက် လုပ်နေပြီး အစိုးရက ဆေးရုံအဆောင်သစ်အတွက် ကျပ်ငွေသန်းပေါင်း ငါးထောင် ချထားပေးတယ်လို့ သိရပါတယ်။
2014-04-25
ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် အရေးအသားတွေနဲ့ ပဋိပက္ခတွေ ကိုဖြစ်စေမယ့် ထုတ်လွှင့်ဖေါ်ပြချက်တွေကို စောင့်ကြည့်လေ့ လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို တင်ပြသွားမယ်လို့ PEN Myanmar အဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက် ပါတယ်။
2014-04-25
မနှစ်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းဗလီ မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရတဲ့အမှု နဲ့ပတ်သက်လို့ ကျောင်းဆရာနှစ်ဦးကို မြို့နယ်တရားရုံး က ထောင်ဒဏ် (၈) နှစ်စီ မနေ့က ချမှတ်လိုက်ကြောင်း သိရပါတယ်။
2014-04-25
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိးလို့ ပြော ဆိုနေသူတွေထဲက ဘင်္ဂါလီနာမည်ခံပြီး သန်းခေါင်စာရင်း ပြန်လည်အကောက်ခံတဲ့ အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိနေပြီလို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။
2014-04-25
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေပြေလည်ဖို့ အမုန်းစကား တွေမပြောစို့ ဆိုတဲ့လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေနဲ့ အောင်မြင်ကျော်ကြားနေသူတွေ သြဇာတိက္ကမကြီးသူတွေပါဝင်လာဖို့ အထူး လိုအပ်တယ်လို့ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့က ဘာသာရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဌါနရဲ့ အကြီးတန်းအရာရှိ Ms. Susan Hayward ကပြောဆိုလိုက်ပါတယ်။
2014-04-24
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ရပ်တည်ချက် ခိုင်မာသူဖြစ်ပေမဲ့၊ စေ့စပ်ဆွေးနွေးရေးမလုပ်နိုင်သူမဟုတ်ကြောင်း ဦးဝင်းတင် နဲ့ လုပ်ဖေါ် ကိုင်ဖက် ဖြစ်ခဲ့သူ စာရေးဆရာ ဦးမိုးသူက ပြောပါတယ်။ ဆရာဦးမိုးသူကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း (၂) ကို နားဆင်နိုင်ပါတယ်။
2014-04-24
ပဋိပက္ခတွေအတွင်း လက်နက်ကိုင် အဖွဲ့တွေက အမျိုးသမီးတွေ အပေါ် အဓမ္မကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ တဲ့ နိုင်ငံပေါင်း လက်ရှိ (၂၁) နိုင်ငံရှိကြောင်း မနေ့က အသစ် ထုတ်ပြန်လိုက် တဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြခဲ့ရာ မှာ မြန်မာနိုင်ငံ ဟာလည်း စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
2014-04-24
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မကွေးတိုင်း နတ်မောက်မြို့ မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2014-04-24
စာနယ်ဇင်းမီဒီယာလောကမှာ Hate speech လို့ခေါ်တဲ့ "အမုန်းပွားစေနိုင်တဲ့ အပြောအဆို အရေးအသား" တွေကို သတိပြု ဆင်ခြင်စေဖို့ ဆွေးနွေးပွဲတခုကို ရန်ကုန် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်း လမ်းက Sky Star ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထား ပါတယ်။
2014-04-24
ကွယ်လွန်သူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- ဆရာကြီးဦးဝင်းတင်ဟာ သတင်းစာသမား ဘဝကတည်းက ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်မျိုးကပါ လေးစားခဲ့သူ ဖြစ်တယ်လို့ "စာရေးဆရာ မောင်မိုးသူ" က ပြောပါတယ်။ ဆရာကြီးဦးဝင်းတင်နဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာဦးမိုးသူကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-24
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် သံဃာတော်တွေ၊ ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတွေ၊ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။
2014-04-24
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးတွေအတွက် Malteser International အဖွဲ့နဲ့ MSF ခေါ် နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို လုပ်ငန်းလုပ်ကိုင်ခွင့်မပြုဖို့ ပြည်နယ်အဆင့် အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC က ဆုံးဖြတ်လိုက် ပါတယ်။