သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-24
မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို နေအိမ် မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး မီးပေါ့ဆမှုနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ရဲမှူးက တရားလိုပြုပြီး အမူဖွင့်လိုက်တယ်လို့ မန္တလေးမြို့ အမှတ် (၁) ရဲစခန်းက RFA ကိုပြောပါတယ်။
2014-04-24
အာဆီယံခေါင်းဆောင်တွေနဲ့ တေ့ွဆုံဖို့ ကရင်တိုင်းရင်းသူ ရွေးချယ်ခံရ အာဆီယံတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကရင်တိုင်းရင်းသူ ဒေါက် တာ မေရှီးရှို ကို ရွေးချယ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံ ပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီက ဒီကနေ့ အကြောင်းကြားလိုက်ပါတယ်။
2014-04-24
အမုန်းစကား Hate speech ပြောဆိုမှု ပပျောက် လျော့နည်းသွားရေးအတွက် ငယ်စဉ်ကတည်းက မိဘတွေက ပညာပေးဖို့၊ အမုန်းစကား ပြောဆိုမှုနဲ့ပတ်သက်ပြီး အသိ ပညာပေးတဲ့ပွဲတွေ ကျင်းပသွားဖို့၊ မိတ်ဆွေ အပေါင်း အသင်း အချင်းချင်းကြားမှာ အမုန်းစကားတွေ ရှောင် ကျဉ်ရေး အသိပညာတွေဝေမျှသွားဖို့နဲ့ ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူသွားဖို့ လိုအပ်ကြောင်း မီဒီယာဥပဒေ အကြံပေး ဒေါက်တာ Venkatlyer က ဒီကနေ့ ပြောလိုက် ပါတယ်။
2014-04-24
ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားဖို့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအင်အားကို ဆက်လက်ထားရှိမှာဖြစ်သလို တပ်မတော်သာမရှိဘူးဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-04-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် RFA ကိုပြောခဲ့ဘူးတဲ့ သူရဲ့ယုံကြည်ချက်နဲ့အယူအဆတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားပါတယ်။
2014-04-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် RFA ကိုပြောခဲ့ဘူးတဲ့ သူရဲ့ယုံကြည်ချက်နဲ့ အယူအဆတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ် တင်ပြထားပါတယ်။
2014-04-24
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ မကွယ်လွန်ခင်ရက်ပိုင်းအနည်းငယ်အထိ RFA လွတ်လပ်တဲ့အာရှအသံရဲ့ ပင်တိုင်ဆောင်းပါးရှင်အဖြစ် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း၊ ဦးဝင်းတင်နဲ့ စကားပြောခြင်း၊ ခေတ်စကားစတဲ့ အစီအစဉ်တွေကို အပတ်စဉ် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအစီအစဉ်တွေထဲက ဆရာကြီးဦးဝင်းတင်ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2014-04-24
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ တခုမှာ တခြားသူတွေလာပြီး စည်းရုံးခွင့်ပြုမှာမဟုတ်ပဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကသာလျှင် မဲဆွယ် စည်းရုံးရမယ်လို့ ညွှန်ကြားချက်ထုတ်မယ့် အကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ မကြာခင် က ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်ရေးအတွက် မေးမြန်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က RFA ကို ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အောက်မေ့ဘွယ် အခမ်းအနားကို ဒီနေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းက ယုဒဿန်ရိပ်သာမှာ ကျင်းပခဲ့ပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေး သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့တဲ့ ဒီချုပ်-နိုင်ကျဉ်း လူငယ်ဘုံရိပ်သာနဲ့ ပတ်သက်ပြီး ဒုတိယ တာဝန်ခံ ကိုသန့်ဇင်ထွန်းကို မဇင်မာဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-23
ဟံသာဝတီဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿန်မှာ ဒီနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါတယ်။ ဆရာကြီးဦးဝင်းတင်ကို လေးစားကြည်ညိုကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် ဂါရဝပြုကြသူ အင်အား ၅ သောင်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေ့ ရေဝေးသုဿန်က ဆရာကြီးရဲ့ ဈာပနအခမ်းအနားအကြောင်း RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-23
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ နိုင်ငံရေးသမားဘဝ၊ အကျဉ်းထောင် ထဲမှာ နေခဲ့ရတဲ့ အချိန်ကာလတွေနဲ့ စာပေသမားဘဝ အကျဉ်းချုပ်ကို မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ပေးဖို့အတွက် ဒီနေ့ တနသာၤရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-04-23
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက လူမှုရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ် မှာ အကူအညီပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ပြည် နယ်အဆင့် အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC ရဲ့ သဘောတူညီချက်ကို ရယူရမှာဖြစ်တယ်လို့ ဒီကနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။