သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-21
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကို ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA အသံလွှင့်ဌာနရုံးချုပ် စတူဒီယိုမှာ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-21
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကြာကန်ကျေးရွာမှာ ဒေသခံ လယ်သမား ၃၀၀ လောက်က မကွေးနဲ့ နတ်မောက်မြို့နယ်တွေအတွင်း အကြောင်းအမျိုးမျိုးပြပြီး သိမ်းထားတဲ့ လယ်မြေဧက နှစ်ထောင်ကျော်ကို ပြန်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2014-05-21
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖြစ် တာဝန်ယူခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တစ်လပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ထုကျောက်စာတိုင်နဲ့ ကံ့ကော်ပင် တစ်ပင်ကို ဒီနေ့ စိုက်ထူခဲ့ပါတယ်။
2014-05-21
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဆည်တဲရွာသား ၇ ဦးကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရပါတယ်။
2014-05-21
ကချင်၊ ရှမ်းနဲ့ တအာင်း ပလောင်ဒေသတွေ မှာ အစိုးရက စစ်ရေးပြင်ဆင်နေတာတွေနဲ့ စစ်အင်အားတိုးချဲ့နေတာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၈၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2014-05-21
အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသက် (၇၆) နှစ်ဟာ ဒီနေ့ မနက် ၆ နာရီ ခွဲလောက်က ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးမှာ အသည်းကင် ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2014-05-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တစ်နိုင်လုံးအတိုင်း အတာနဲ့ လူထုလက် မှတ်ရေးထိုးပွဲကို နေပြည်တော်က မြို့နယ် ၅ မြို့နယ်ကနေ စတင်မယ်လို့ သိရပါတယ်။
2014-05-21
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတ်မှတ်ထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ် ရဲ့ အခြေခံမူတွေကို အပစ်အခတ်ရပ်စဲရေးမူကြမ်းမှာ ထည့်သွင်းဆွေးနွေးဖို့ အစိုးရဘက်က လက်ခံလိုက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2014-05-21
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ် လိုက်တယ်လို့ သတင်းရရှိပါတယ်။
2014-05-20
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က Asia Rose အထည်ချုပ်စက်ရုံမှာ တစ်နေ့လုပ်အားခကျပ် ၄ ရာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမား ၄ ရာကို အလုပ်က ရပ်ဆိုင်းလိုက်ကြောင်း မနေ့ညက ကြေညာလိုက်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ ဒီနေ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-05-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တလပြည့်အထိမ်းအမှတ် အခမ်းအနားကို ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ ခမ်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် စကားပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-05-20
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဒုတိယနေ့ အစည်းအဝေး ကနေ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့ဒေသတခု ဖြစ်ရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ RF အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-05-20
အစိုးရနှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲခံနေရတဲ့ ကိုထင်ကျော်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဒီနေ့မနက်က ရုံးထုတ် စစ်ဆေးခဲ့ ပါတယ်။ အလားတူပဲ မီတာခတိုးမြှင့်ကောက်ခံတဲ့အပေါ် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ က ကျောက်တံတား မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဦးဝင်းချိုနဲ့ ကိုဝေလုတို့ကိုလည်း ကျောက်တံတားမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-05-20
ဗကသ (ခေါ်) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် ကိုကောင်းထက်ကျော် ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ ရဲတပ်ဖွဲ့တွေက ရိုက်နှက်လို့ ရရှိတဲ့ဒဏ်ရာမဟုတ်ဘူးလို့ သဲကုန်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-05-20
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှု ဇုန် ၄မှာရှိတဲ့ Asia Rose အထည်ချုပ် စက်ရုံ က နေ့စားခတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၄ဝဝ လောက်ကို စက်ရုံ အုပ်ချုပ်ရေးက မနေ့ညက အလုပ်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာ ချက် ထုတ်ပြန် ပြော ဆိုလိုက်ပါတယ်။