သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-20
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ လယ်သမား အရေးဆောင်ရွက်သူ ဦးဝင်းချို နဲ့ ရန်ကုန်ပြည်သူ့အ ကျိုးဆောင် ကွန်ရက်က ကိုဝေဠုတို့ကို တရားမဝင် စီတန်းလှည့်လည် ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ကျောက် တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။
2014-05-20
နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဒီနေ့ ပခုက္ကူခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားသူကြီးက စွဲချက်တင်လိုက်ပါတယ်။
2014-05-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင် တစ်လပြည့်အခမ်းအနား ကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ဆရာဦးဝင်းတင်အတွက် အမှတ်တရ စကား ပြောကြားခဲ့ ပါတယ်။
2014-05-20
မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လိုအပ်ချက် ကို ဖော်ထုတ်နိုင်ဖို့ လွှတ်တော်ရှိတဲ့အပြင် ဆန္ဒဖော်ထုတ်ခွင့်တွေကို ဥပဒေအတိုင်း ခွင့်ပြုနေ တာကြောင့် ထိုင်းနိုင်ငံမှာ လက်ရှိကြုံနေရတဲ့စစ်အုပ် ချုပ်ရေး အခြေအနေမျိုး မဖြစ်နိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ဒီနေ့ပြောကြား ပါတယ်။
2014-05-20
ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတလပြည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
2014-05-20
ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် RSO ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေး အကြမ်းဖက်အဖွဲ့က မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပါတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေး ဖို့ မြန်မာအစိုးရက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-05-20
ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့တွေက KIO ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တွေနဲ့ KIO ဗဟိုကော်မတီဝင်တွေ တွေ့ဆုံခဲ့သလို NCCT အဖွဲ့ရဲ့ အစည်းအဝေးတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲတွေ အစည်းအဝေးတွေနဲ့ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-05-20
လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေ မှုအဆင့်ကို ၁၀% ကနေ ၁၆% အထိလျှော့ ချဖို့ ရည်ရွယ်ထား တယ်လို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုကြောင်း Channel News Asia သတင်း ကဖေါ်ပြပါတယ်။
2014-05-20
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဆည်တဲရွာမှာ ရွာသားတွေကဖမ်းဆီး ထားတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်း၂ ယောက် လွတ်မြောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ရွာသားတွေ မနေ့က ညှိနှိုင်းခဲ့ပြီး တဲ့နောက် တရုတ် နိုင်ငံသား ၂ ဦး ပြန်လွှတ်လာခဲ့ ကြပါတယ်။
2014-05-19
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် တွေ ပူးပေါင်းပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆ ) ပြင်ဆင်ရေး လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းနဲ့၊ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွေမှာ ကျင်းပခဲ့ပါတယ်။
2014-05-19
၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းနဲ့ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ဟောပြောခဲ့ပါတယ်။ ကိုမင်းကိုနိုင် ပြောကြားချက်တွေထဲက တချို့ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က ကောက်နှုတ်တင်ပြထားပါတယ်။
2014-05-19
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့နယ်တဝိုက်မှာ မိုးရွာသွန်းတာနောက်ကျတဲ့အတွက် ဒေသတွင်းက တောင်သူတွေ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အခက်အခဲ ကြုံတွေ့နေရပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-05-19
သမ္မတရဲ့အမိန့်နဲ့ ကော်မရှင်ဖွဲ့ပြီး ရေးဆွဲခိုင်းထားတဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အလားတူပဲ မန္တလေးမြို့ နန်းတော်ရှေ့အားကစားကွင်းမှာလည်း ဝံသာနုဒီမိုကရက်တစ် ပါတီက ဦးဆောင်ပြီး ဟောပြောပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2014-05-19
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် (၃) က Mercury Rays လယ်ယာသုံး ပိုက်ပျော့စက်ရုံနဲ့ Happy Cook မီးဖိုချောင်သုံးပစ္စည်းစက်ရုံက လုပ်ခလစာ ကျပ် ၂၅ဝဝဝ (နှစ်သောင်းခွဲ) တိုးပေးဖို့ သပိတ်စခန်းဖွင့် တောင်း ဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးရုံးမှာ ဒီနေ့ ညှိနှိုင်း ရာ ပြေလည်မှုရရှိခဲ့ပါတယ်။
2014-05-19
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အမှတ် ၂ အလယ်စုရပ်ကွက်က မီးဘေး ဒုက္ခသည်တွေကို မကွေးတိုင်း တက္က သိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ တောင်သူလယ်သမားသမဂ္ဂတွေက ငွေကျပ်သိန်း ၂၀ လောက်တန်ဖိုးရှိတဲ့ ကျောင်း သုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေနဲ့ အခြေခံစားသောက် ကုန်တွေကို ဒီကနေ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။