သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-19
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေး ဖို့တောင်းဆိုတဲ့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှား မှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ တောင်ဒဂုံနဲ့ ဒဂုံ ဆိပ်ကမ်းမြို့နယ်တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
2014-05-19
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဆည်တဲ ရွာမှာ ရွာသားတွေက ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၂ ယောက် လွတ်မြောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ရွာသားတွေ ညှိနှိုင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးကို လွှတ်ပေးဖို့ ဆည်တဲ ရွာသားတွေက သဘောတူလိုက်ပါတယ်။
2014-05-18
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း ဖော်ဆောင်နေတဲ့ တရုတ်ဝမ်ဘောင် ကုမ္ပဏီက တရုတ်လူမျိုးနှစ်ဦးကို ဒေသခံ ရွာသားတွေက မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံကျေးရွာ လူထုနဲ့ အာဏာပိုင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ် ပွားခဲ့ပါတယ်။
2014-05-18
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေ သကြီး၊ သဲကုန်းမြို့မှာ ဆန္ဒပြအပြီးပြန်လာ တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော် ဒဏ်ရာရတာဟာ ရဲတပ်ဖွဲ့ဝင်တွေကြောင့် မဟုတ်ကြောင်း ဒီနေ့ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြောဆိုခဲ့ပါတယ်။
2014-05-18
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြန်မာ ဘင်္ဂလားဒေ့ချ်နယ်စပ် နယ်ခြားမှတ်တိုင် ၅၂ အနီး၊ မနေ့ကဖြစ်ပွားခဲ့တဲ့ ခြုံခို တိုက်ခိုက်မှုအပြီး ပျောက်ဆုံးနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်သား(၂)ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ ဒု ရဲအုပ် နွေဦးမောင် က ပြော ပါတယ်။
2014-05-18
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်ကနေ ဒီနှစ်အတွင်း ပြုပြင်နိုင်အောင် တပ် မတော်သားတွေ အားလုံး ပူးပေါင်းပါဝင်ခြင်းအားဖြင့်၊ စစ်တပ်ဟာ အာဏာနဲ့ အခွင့်ထူးကို မက်မောနေတာ မဟုတ်ကြောင်း သက်သေထူ ကြပါလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2014-05-17
အမျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ကြိုးစားနေတာဟာ အစိုးရ ဒါမှမဟုတ် ပါတီ အဖွဲ့အစည်း တစ်ခုရဲ့ အလိုကျ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆောင်ရွက်နေ တာမဟုတ်ပဲ အမျိုးဘာသာ သာသနာအတွက် အမျိုးသားရေး အမြင်နဲ့ လုပ်ဆောင်နေတာလို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ ပြောပါတယ်။
2014-05-17
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဗ.က.သ များအဖွဲ့ချုပ်ဝင် ကိုကောင်း ထက်ကျော်ကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့က ရိုက်နှက်ပြီး လက်ရှိဖမ်းဆီးဖို့ ကြိုးစားနေတာကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ဒီနေ့ မန္တလေးမြို့ ၇၃ လမ်း၊ Friend လ္ဘက်ရည်ဆိုင်ရှေ့မှာ မန္တလေးခရိုင် ဗ.က.သ များအဖွဲ့ချုပ်က ဆန္ဒပြခဲ့ကြပါတယ်။
2014-05-17
ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းနည်းဥပဒေနဲ့ သတင်းမီဒီယာနည်းဥပဒေတွေ ထွက်ရှိ လာရင် သတင်းမီဒီယာတွေနဲ့ အစိုးရအကြား သတင်းအချက် အလက်ရယူရာမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောပါ တယ်။
2014-05-17
အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့် လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက် က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အမေ ရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြ သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-05-17
မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့မနက် ၉ နာရီခွဲလောက်က ဘင်္ဂလားဒေ့ရ်ှ-မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာ မှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည်မဖေါ်လိုတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက RFA ကို အတည်ပြုပြော ပါတယ်။
2014-05-17
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူ သွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။
2014-05-16
ရွေးကောက်ပွဲတွေ အောင်မြင်ဖို့အတွက် သတင်းမီဒီယာတွေ ပူးပေါင်းကူညီပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Summit Park View Hotel မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတာပါ။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-05-16
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ အရှေ့ရွာသစ်ကျေးရွာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ဒီနေ့ လယ်သမားတွေက ပြန်လည်သိမ်းယူလိုက်ပြီး ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-05-16
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် မြန်မာ့တပ်မတော်ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ တိုင်းရင်းသားကိုယ်စားလှယ်တွေကပြောပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တချို့က တပ်မတော်အပေါ် ထားရှိတဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။