သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-23
စင်္ကာပူရောက် မြန်မာအိမ်ဖော်တွေ အပေါ်ကာ ကွယ်စောင့်ရှောက်မှုတွေ ပိုမိုရရှိရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ မြန်မာဘက်က လိုလားနေကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။
2014-07-23
မြန်မာနိုင်ငံက လုပ်ငန်းစီမံကိန်းတွေမှာ အကူအညီပေးခဲ့တဲ့ အတွက် ဟောင်ကောင် လုပ်ငန်းရှင်ကြီးတစ်ဦးက အမေရိ ကန် ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်းတစ်ဦးကို အမေရိကန်ဒေါ် လာ သောင်းဂဏန်း ပေးခဲ့တယ် ဆိုတဲ့ အထောက် အထားတွေ အင်တာနက်မှာ ပျံ့နှံ့နေကြောင်း South China Morning Post သတင်းစာက ဖော်ပြပါတယ်။
2014-07-23
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ် (၅ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနား ကို ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဆရာကြီးရဲ့ မိသားစုဝင်တွေက ကျင်းပခဲ့ပါတယ်။
2014-07-23
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ... သတင်းမီဒီယာသမားတွေအပေါ် အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူနေတာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာမှုရှိဖို့ လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ကို သဝဏ်လွှာပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
2014-07-23
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တချို့ မကြာခင် လာရောက် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
2014-07-23
အမေရိကန်သမ္မတဟောင်း Geroge W. Bush ထူထောင်ထားတဲ့ Bush Institute က ပြုလုပ်တဲ့ "လူငယ်ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ထူထောင်မှုဆိုင်ရာ" သင်တန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုလင်းထက်နိုင် တက်ရောက်ခွင့်ရခဲ့ပါတယ်။
2014-07-23
နှစ်ပေါင်း ၃၈နှစ်ကြာ အခမ်းအနားကျင်းပခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဆရာကြီး ကွယ်လွန်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးရဲ့ မိသားစုဝင်တွေက ဒီနေ့ ပထမဆုံးအကြိမ် ပြန် လည်ကျင်းပခွင့်ရခဲ့ပါတယ်။
2014-07-23
မြန်မာသံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ် ရဲ့ ငွေကြေးလည်ပတ်မှုကို အထူးသတင်း တပ်ဖွဲ့က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2014-07-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့ညက အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက် ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။
2014-07-23
မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေ ကို အစိုးရက ဖမ်းဆီးအရေးယူ ထောင် ချနေတာတွေကို လျှော့ချပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း က ဒီနေ့ သဝဏ်လွှာပေးပို့ တောင်းဆိုလိုက် ပါတယ်။
2014-07-23
မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့က အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့တဲ့ အဓမ္မပြု ကျင့်ခံရတယ် ဆိုပြီး လိမ်လည်တိုင်တန်းသူ အမျိုးသမီးကို မှုခင်းရဲတပ်ဖွဲ့ CID က တရားလိုပြုလုပ်ပြီး ပျဉ်းမနားမြို့ နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-23
အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုကြ တဲ့ပြည်သူ လူထုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရရှိမယ်လို့ ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
2014-07-23
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့ နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ မြေတွေနဲ့ ပတ်သက်လို့ ထောင်ချခံရတဲ့လယ်သမား ၅၆ ယောက်ရှိ သွားပြီး၊ အဲဒီလယ်သမားတွေကို မိသားစုတွေနဲ့ဝေးရာ နယ်ထောင်တွေကို မနေ့က အသီးသီးခွဲပို့လိုက်တယ် လို့သိရပါတယ်။
2014-07-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည်ဖော် မှုကော်မတီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ အပါအဝင် အခန်းပေါင်း ၇ ခန်းကို လေ့လာဆွေးနွေး ပြီးဖြစ်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ ပါတယ်။
2014-07-22
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ RFA သတင်းထောက် မသင်းသင်းထက် က တင်ပြထားပါတယ်။