သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-23
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ပေါ်ထွက်လာဖို့ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ စတင်ဆွေးနွေးနေကြပါတယ်။
2014-09-23
လွှတ်တော်သက်တမ်း ၄ နှစ်နီးပါးအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့က "လွှတ်တော်ပွင့်လင်းမြင်သာရေး"ခေါင်းစဉ်နဲ့ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2014-09-23
မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ က တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက လုပ်ကိုင်လာခဲ့ တဲ့ ခြံမြေဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင် သူတွေ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။
2014-09-22
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဘင်္ဂါလီတွေကို နို်င်ငံသားအဖြစ် လက်ခံတဲ့နေရာမှာ စစ်ဆေးချက်တွေထဲ လွဲမှားနေတာတွေ ရှိနေတယ်ဆိုပြီး နိုင်ငံသားကဒ်ပြား ထုတ်ပေးမှုကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်၊
2014-09-22
ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေး ထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေးတော့ မယ်လို့ သိရပါတယ်။
2014-09-22
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိချင်ရင် မီဒီယာတွေအနေနဲ့ စုံစမ်းထောက်လှမ်းပြီး ဖော် ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီနေ့ ပြောကြားလိုက် ပါတယ်။
2014-09-22
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေရဲ့ အရေးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေနဲ့ သက်ဆိုင်တဲ့အတွက် အထူး အလေးထားရမှာဖြစ်ကြောင်း ဒီတောင်သူတွေအတွက် ပညာပေးရေး အစီအစဉ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပါ တယ်။
2014-09-22
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ခက်ခဲမှုမရှိတော့ပေမဲ့ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရသေးတာဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ဒီနေ့ ပြောပါတယ်။
2014-09-22
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ခဲ့ကြတဲ့ ဧရာဝတီတိုင်း လူငယ်ကွန်ရက်အဖွဲ့ဝင် ၂၀၀ ကျော်ထဲက ၃ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပုသိမ်မြို့ရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက် ပါတယ်။
2014-09-22
ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင် ထည်ဖော်ဖို့ သင့်၊ မသင့်နဲ့ အဲ့ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ထပ်မံရွေးချယ်သင့် မသင့်ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက်တောင်းခံခဲ့ပါတယ်။
2014-09-22
ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင် စောမြရာဇာလင်းတို့ အမျိုးသမီးငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
2014-09-21
မြန်မာနိုင်ငံက နိုင်ငံခြားသားပိုင် စက်ရုံအလုပ် ရုံတွေမှာ အလုပ်သမားတွေကို အကာအကွယ်ပေး မယ့် စည်းမျဉ်းစည်းကမ်းတွေ ကင်းမဲ့နေလို့ ဆန္ဒပြပွဲတွေ မကြာခဏ ဖြစ်နေရပုံအကြောင်း တရားလွှတ်တော် ဝါရင့်ရှေ့နေကြီး ဦးအောင်သိန်း နဲ့ အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိင်ငံ တာဝန်ခံ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-09-21
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့ NCCT က ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေကို ရန်ကုန် တိုင်း ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက Grand Hill Hotel မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတက်ခဲ့တဲ့ ကိုမြအေး ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထား ပါတယ်။
2014-09-21
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြား တဲ့ အတွေးအခေါ်၊ အယူဝါဒနဲ့ ကြန်အင် လက္ခဏာတွေကို အပြန်အလှန် နားလည် လက်ခံပြီး အတူယှဉ် တွဲနေထိုင်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပြောပါတယ်။
2014-09-21
ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကိုရောက်ရှိ ခဲ့ပြီး ပျောက်ဆုံးနေတဲ့ တောင်တက် သမားနှစ်ဦးဟာ တောင်ထိပ်ပေါ်ကနေ ခြေချော်ကျသွားတာဖြစ်နိုင်သလို ရေခဲတောင်ချောက်ကမ်းပါးတွေကြား ကျသွား တာလည်း ဖြစ်နိုင်တယ်လို့ “ခါကာဘိုရာဇီ” အောင်နိုင်ရေး အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။