သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-21
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ပျဉ်းမနားမြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွါးခဲ့ပါတယ်။
2014-09-21
မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ပင်လယ် ကနေ လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းပေါင်း ၆ဝဝ ခန့်ရှိပြီး ဒီလုပ်ငန်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရာပေါင်းများစွာ ပင်လယ်ပြင်မှာ အတိဒုက္ခ ရောက်နေ ကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မှုခင်းထောက်လှမ်းရေး တပ်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
2014-09-20
ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တ ပတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စတင်လိုက်ပြီး လွှတ်တော်ပွင့်လင်းမြင်သာရေး ၂ဝ၁၄ လှုပ်ရှားမှုကို မနေ့က ရန်ကုန်မှာ ကျင်းပပါတယ်။
2014-09-20
မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၁ ရက်နေ့ကျရင် လုံခြုံရေးစနစ်ပိုကောင်းတဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ်တွေ ဈေးကွက်ထဲကို စတင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
2014-09-20
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်တဲ့ နိုင်ငံရေး မူဘောင်တွေအတွက် NLD အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နိုင်ငံရေးမူဘောင်တစ်ခုတင်ပြဖို့ စတင်ဆွေးနွေးနေပြီလို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2014-09-20
ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာကြဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေက ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တယ်လို့ ဆွေးနွေးပွဲ ဦးဆောင် ကျင်းပတဲ့ Woman Glaxy အဖွဲ့တာဝန်ခံ မယဉ်မျိုးလှိုင်က RFA ကို ပြောပါတယ်။
2014-09-20
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေး ကို ပြန်လည်လွှတ်ပေးဖို့ ရန်ကုန်မြို့ Excel Hotel မှာကျင်းပ တဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်လာ ကြသူတွေက လတ်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
2014-09-20
MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်တဲ့အခါ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ လုပ်ဆောင် သွားမှာဖြစ်ကြောင်း MSF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Mr. Simon Tyler က ပြော ပါတယ်။
2014-09-20
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-09-20
စဉ့်ကူးမြို့နယ်မှာ မိုးများပြီး ဆည်ကျိုးကျတဲ့အတွက် အနီးအနားက ကျေးရွာတွေ ပျက်စီးပြီး လူတချို့ သေဆုံးခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-09-20
မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ ဆွေးနွေးပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-09-20
စက်တင်ဘာလ ၁၈ ရက်၊ မနေ့က ကျရောက်တဲ့ စစ်အာဏာသိမ်း ၂၆ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ်၊ စစ်တပ်က အာဏာသိမ်းတဲ့အချိန်က သေဆုံးခဲ့သူတွေအတွက် ဆုတောင်းပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2014-09-20
လာမယ့် စက်တင်ဘာလ ၂၁ ရက်၊ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့“ အထိမ်းအမှတ်အဖြစ် “ပြည်ထောင်စု ငြိမ်းချမ်းရေးသီတင်းပတ် လူထုလုပ်ရှားမှု” အမည်နဲ့ အနုပညာရှင်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့က ငြိမ်းချမ်းရေးသီချင်းတွေကို သီဆိုပြီး ရန်ကုန်မြို့ထဲ မှာ လှည့်လည်ဖျော်ဖြေနေပါတယ်။
2014-09-19
စက်တင်ဘာလ ၁၉ရက်နေ့ မနက်အစောပိုင်းက မြဝတီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ DKBA အဖွဲ့ကတပ်ရင်း ၉၁၀ က ဗိုလ်တစ်ဦးကျဆုံးပြီး ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2014-09-19
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး က တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း ဗိုလ်မှူးကြီး စောတိုက်ဂါး ဦးစီးတဲ့ KNU/ KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး)ဗျုဟာက ထုတ်ပြန်ခဲ့တဲ့စာဟာ မိမိတို့ ဌာနချုပ်နဲ့ မသက်ဆိုင်ကြောင်း KNU/KNLA ကရင်ငြိမ်း ချမ်းရေး ကောင်စီဌာနချုပ်က ဒီကနေ့ရက်စွဲနဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။