သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-18
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA လက်အောက်ခံတပ်ဖွဲ့တွေက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တပ်ဖွဲ့တွေကို မနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
2015-10-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ မနေ့က ကယားပြည်နယ် မော်ချီးဒေသက လိုခါးလိုကျေးရွာမှာ မြေပြိုကျမှုကြောင့် ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူတွေကို တွေ့ဆုံခဲ့ပါတယ်။
2015-10-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါက်တာရင်ရင်နွယ်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဌ အဖြစ် ဒီရက်ပိုင်းအတွင်း ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။
2015-10-18
အပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် လက်တွေ့အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌနဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ခွန်သူရိန်ကို နေပြည်တော်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုး မနေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-18
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ရခိုင်အမျိုးသားပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတွေကို တက်ရောက်နားထောင်တဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
2015-10-18
ကယားပြည်နယ် မော်ချီးဒေသမှာ ပျံကျလုပ်သားတွေက နည်းစနစ်တကျမဟုတ်ပဲ သတ္တုရှာဖွေတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မိုးကြီးတဲ့အခါ မြေပြိုကျမှုဖြစ်ခဲ့တာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
2015-10-18
ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ပေါ် ထွက်လာတဲ့ သတင်းတွေအမျိုးမျိုးကို အခြေခံ ပြီး မြန်မာနိုင်ငံရှေ့နေများကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးသိန်းသန်းဦး၊ တရားရုံးချုပ် ရှေ့နေ ကြီး ဦးစန်းမောင်နဲ့ စာရေးဆရာ ဦးစိန်မျိုးမြင့် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြ ထားပါတယ်။
2015-10-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ခရီးစဉ် ၂ ရက်မြောက်နေ့မှာ သံတွဲမြို့က ဘောလုံးကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-10-18
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲအပြီးမှာ ကျင်းပသွားမှာဖြစ်ကြောင်း အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေး ပွဲ နောက်ဆုံးနေ့ မနေ့က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-10-17
ရွေးကောက်ပွဲမှာ နိုင်မှာကြောက်လို့ အမုန်းတရား အကြောက်တရားတွေ နဲ့ ပြောဆိုစည်းရုံးနေတာတွေ ကို မယုံကြည်ကြဖို့နဲ့ အဲဒီလိုစည်းရုံးပြောဆိုတာတွေ ဟာ ပြည်သူတွေကို အထင်သေးစော်ကား တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
2015-10-17
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးအတွက် ထောက်ခံတဲ့ အနေနဲ့ ဒေသခံ တစ်သောင်းခွဲလောက်က ဒီနေ့ အင်အားပြ လှည့်လည်ကြပါတယ်။
2015-10-17
အိမ်ထောင်စုစာရင်းရှိတဲ့ မဲဆန္ဒနယ်မှာ မရှိဘဲ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေ ရတဲ့ ပြည်တွင်းက နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအနေနဲ့ လာမယ့် အောက်တိုဘာ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ရက်နေ့အတွင်း ကြိုတင် မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားပါတယ်။
2015-10-17
ပြည်ခိုင်ဖြိုးပါတီရဲ့ သင်္ကေတဖြစ်တဲ့ အစိမ်းရောင်ဟာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ လွှမ်းသွားစေ ရမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌလည်းဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနန္ဒကျော်စွာက ဒီနေ့ ပြောပါတယ်။
2015-10-17
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ ဒီကနေ့ ကြိုတင်မဲတွေ စတင်ပေး ရာမှာ ဂျပန်နိုင်ငံမှာ ဆန္ဒမဲလက်မှတ် အပြည့်အစုံမရတာတွေ ကြုံတွေ့နေရတယ်လို့ ကြိုတင်မဲပေးသူတွေက ပြောပါတယ်။
2015-10-17
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဟောပြောပွဲတွေကို တက်ရောက်ကြတဲ့ ဒေသခံတွေ ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖိအားပေးခြိမ်းခြောက် တာတွေ ရှိနေတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေ က ပြောပါတယ်။