သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-17
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ဘာသာရေးကို အသုံးချပြီး တခြားပါတီတွေကို တိုက်ခိုက်မှာမဟုတ်သလို လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်စည်းရုံးမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး တစညပါတီ ဥက္ကဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး လည်းဖြစ်တဲ့ ဦးခင်မောင်သိန်း က ပြောလိုက်ပါတယ်။
2015-10-17
ဗဟန်းမြို့နယ်မဲဆန္ဒနယ်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း ဟာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီး ခံရတာတွေနဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။
2015-10-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်တယ် ဆိုတာ ပြည်သူတွေကို အားကိုးပြီး လုပ်ဆောင် တာဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးနေတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
2015-10-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့ကို ရောက်ရှိခဲ့ဲပြီး၊ သံတွဲမြို့က တဆင့် တောင်ကုတ်မြို့မှာ ရွေးကောက် ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-17
မွန်ပြည်နယ် သထုံမြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် အငြိမ်းစား ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဌေးမြင့်အောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သထုံမြို့နယ် လိပ်အင်းရပ်ကွက်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-17
နိုင်ငံရေးသမားဆိုတာဟာ ပြည်သူက ခိုင်းစရာမလိုဘဲ ကိုယ့်အသိဉာဏ်နဲ့ကိုယ် နိုင်ငံရေးကို လုပ်ဖို့လိုတယ်လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ က အောက်တိုဘာလ ၁၅ ရက်၊ မနေ့က ရန်ကုန်မြို့ မဟာဗန္ဓလပန်းခြံအနီးမှာပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
2015-10-17
ကျားခေါင်းပါတီ လို့ လူသိများတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင် မဲဆွယ်ပွဲတွေကို ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်က ကျေးရွာသုံးခုမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-10-17
နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ မဲပေးကြတဲ့အခါ ပယ်မဲမဖြစ်အောင် ဘယ်လိုမဲပေးရမလဲ ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန္တလေးမြို့မှာ လက်တွေ့ ရှင်းလင်းပြသခဲ့ပါတယ်။
2015-10-17
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-10-17
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2015-10-16
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဟာ လာမယ့်ရွေးကောက်ပွဲမှာ မာန်အောင်မြို့ နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-10-16
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီး မှုတွေ ခံနေရကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့ နယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း က ပြော ပါတယ်။
2015-10-16
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွေမှာ ဘာသာရေးရောယှက်မှုတွေ ရှိလာရင် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒဂုံမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ် သက်သက်ခိုင် က တိုက်တွန်းလိုက်ပါတယ်။
2015-10-16
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ပါဝင်ဆောင်ရွက်မှုတွေအကြောင်း အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-16
ဦးပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်း တို့ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။