သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-16
ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ မြို့နယ်တွေ မှာ ရွေးကောက်ပွဲ ကာလအတွင်း ဆူပူမှုတွေမဖြစ်စေဖို့နဲ့ စီတန်း လှည့်လည်တာတွေ မလုပ်ဖို့ မနေ့က ထုတ်ပြန်ကြေ ညာထားပါတယ်။
2015-10-16
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနဲ့ ကေအဲန်ယူခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း တို့က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-10-16
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က မဒုတ်ရာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂ဝဝ ကျော်လောက် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသ ဖို့ ဆေးဝါး ပြတ်လပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေ က ပြောပါတယ်။
2015-10-16
ဘာသာရေး၊ လူမျိုးရေးနဲ့ ပြောဆိုစည်းရုံးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကိုမကြည့်ဘဲ ပြည်သူတွေကို အကြောက် တရားတွေနဲ့ စည်းရုံးတာဖြစ်တာကြောင့် ပြည် သူတွေ အနေနဲ့ မယုံကြည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2015-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့နယ် နဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်မတော် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA (ဝမ်ဟိုင်း) တို့ တိုက်ပွဲဖြစ်ပွားရာ တာဆမ်ပူးတပ် စခန်းကို ဖယ်ရှားပေးလိုက်ရတယ်လို့ SSPP/SSA (ဝမ်ဟိုင်း) အဖွဲ့က ပြောပါတယ်။
2015-10-16
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ်သက်တမ်းအတွင်းမှာ သမ္မတ အဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
2015-10-16
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-10-16
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ လူငယ်တွေ လေ့လာခွင့်မရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ "ငြိမ်းချမ်းရေးဖြစ်စဉ် လူငယ်များပါဝင်မှုအခန်းကဏ္ဍ လုပ်ငန်းကော်မတီ" က မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-10-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ဟာ ရွေးကောက်ပွဲ အသိပညာပေးနဲ့ မဲဆွယ်စည်းရုံးရေး အတွက် တောင်ကြီးမြို့မှာ မနေ့က ဟောပြောခဲ့ပါတယ်။
2015-10-16
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကရင်လူမျိုးတွေအနေနဲ့ မဲပေးတဲ့အခါ အမှားအယွင်းမရှိရအောင် ကရင်ပြည်သူ့ ပါတီ ကိုယ်စားလှယ်လောင်းတွေက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။
2015-10-16
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ်-၁ မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ဟာ မုဒုံမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-16
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံး မှာ ကြိုတင်မဲပေးဖို့ လေယာဉ် လက်မှတ်ဝယ်ပြီးကာမှ ကြို တင်ဆန္ဒမဲလက်မှတ်မပါတဲ့အတွက် လာရောက်မဲပေးနိုင်မှာ မဟုတ်တဲ့အကြောင်း သံရုံးက အကြောင်းကြားတဲ့ အတွက် လေယာဉ်လက်မှတ်ဖိုးဆုံးရှူံးရတယ်လို့ မြန် မာကျောင်းသား တစ်ယောက်က ပြောပါတယ်။
2015-10-15
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို စောင့်ထိန်းသူဖြစ်ကြောင်းပြောပြီး မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-10-15
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ကယားပြည်နယ် မှာ ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
2015-10-15
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ခြေ လှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။