သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-13
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသ မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့ကစပြီး တစ်ရက်ကျော်လောက် မိုးများခဲ့ရာကနေ မော်ချီးဒေ သက လေးအိမ်တန်းရွာနဲ့ ဇီးပင်ကွင်းရွာတွေမှာ မနေ့က ညနေပိုင်းက မြေပြိုကျခဲ့ပါတယ်။
2015-10-13
သေဆုံးမှုတွေအထိရှိခဲ့တဲ့ ကယားပြည်နယ် ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုရဲ့ နောက်ဆုံးအခြေအနေတွေနဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးချွန်ဟာရဲကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-13
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းနိုင်ငံ Koh Samui ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့နှစ်ရက်က ဆက်တိုက်စစ်ဆေးခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှာဖြစ်ကြောင်း ခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
2015-10-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁ဝ ရက်၊ စနေနေ့က ရန်ကုန်တိုင်း မှော်ဘီနဲ့ တိုက်ကြီးမြို့နယ် မှာ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-13
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ် ခဲ့ရာမှာ NLD နာယကဦးတင်ဦး ၊ ၈၈ မျိုးဆက်အဖွဲ့က ဦးမင်းကိုနိုင်နဲ့၊ ဦးကိုကိုကြီးတို့ ဟောပြောခဲ့ကြပါတယ်။
2015-10-13
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ လျှပ်စစ်မီးရရှိအောင် အစိုးရက လုပ်ဆောင်ပေးတာဖြစ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ဘူး လို့ ချောင်းဆုံမြို့ကို ရောက်လာတဲ့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။
2015-10-13
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စတုဒီသာကျွေးမွေးပွဲ ပြုလုပ်ခဲ့ရာမှာ ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ခဲ့ပါတယ်။
2015-10-13
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ၇ လပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသက ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-10-12
မြန်မာနိုင်ငံက လူငယ်များအတွက် အရေး ကြီးတဲ့ သတင်း အချက်အလက်များကို ပံ့ပိုးပေးထားပြီး New Niti လို့ အမည်ပေးထားတဲ့ ခေတ်မီ အသိပညာပေးရေး App အပလီကေးရှင်းတစ်ခုကို မြန်မာ လူငယ်အဖွဲ့အစည်းတချို့နဲ့ လက်တွဲပူးပေါင်းပြီး မကြာ ခင်ဖြန့်ဝေပေးတော့မယ်လို့ One World ဆိုတဲ့ICT အဖွဲ့ က ကြေညာလိုက်ပါတယ်။
2015-10-12
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင် ငံသား လှေစီးရွှေ့ပြောင်းသွားလာသူ ၁ဝ၃ ဦးကို ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ လက်ထဲကို မနေ့က လွှဲပြောင်းပေးလိုက်ပါတယ်။
2015-10-12
မြန်မာနိုင်ငံ အမျိူးသား လူ့အခွင့်ရေးကော်မရှင်ဟာ အရှေ့တောင်အာရှ အမျိူးသားလူ့အခွင့်ရေး အဖွဲ့ အစည်းများ ဖိုရမ်ရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ၁ နှစ် တာဝန်ယူထားပြီဖြစ်ပါတယ်။
2015-10-12
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး အတွင်းက ကျေးရွာအုပ်စု ၃၀၀ ကျော် မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2015-10-12
မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မတရားအသင်းပုဒ်မ ၁၇ (၁) နဲ့အတူ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များ စာရင်း ကနေ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ အမိန့်ကြေညာ စာထုတ်ပြန်ပြီး ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။
2015-10-12
လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော ပါတယ်။
2015-10-12
ထိုင်းနိုင်ငံတောင်ပိုင်း Koh Samuei လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ၂ ဦးထဲက ကိုဝင်းဇော်ထွန်းက သူ့ကို ထိုင်းရဲတွေက မဖွယ်မရာ စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ မနေ့က ကော့စမွေခရိုင် တရားရုံးမှာ ထွက်ဆိုကြောင်း ရှေ့နေက ပြောပါတယ်။