သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-12
ကယားပြည်နယ် ဖာဆောင်းမြို့ နယ် မော်ချီးဒေသမှာ မိုးကြီးပြီး မြေပြိုကျ တာကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ၈ ဦး ပျောက်ဆုံးနေသလို ကယ်ဆယ်ရေးစခန်း ၂ ခုမှာ လူ ၅၀၀ လောက် ခိုလှုံနေရပါတယ်။
2015-10-12
လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ က နေပြည်တော်ကောင်စီ နယ်မြေတွေမှာ အနိုင်ရရင် နေပြည်တော်မှာ တက္ကသိုလ်တစ်ခု တည်ထောင် ပေးမှာဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်နဲ့ ပျဉ်းမ နားမြို့နယ်တို့မှာ မနေ့က တစ်အိမ် တက်ဆင်း မဲဆွယ်စည်း ရုံးခဲ့ပါတယ်။
2015-10-12
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းက ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းရှိတဲ့ ဖေါင်ကြီး ၊ ရဲမွန်ရွာသစ်နဲ့ ရဲမွန်တပ်မြို့တွေမှာ ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။
2015-10-12
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာရှိတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက် ပိုင်းတပ်တွေ မပြောင်းရွှေ့ပေးတဲ့အတွက် အစိုးရ စစ်တပ်က SSPP/SSA ဝမ်းဟိုင်းဋ္ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ဒီနေ့ စတင်ပစ်ခတ်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောပါတယ်။
2015-10-12
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ အသိ သက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ ဆိုရင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လို အပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ် ဆိုရင် တိုင်းရင်းသားတွေကြားထဲ စိတ်ဝမ်း ကွဲအောင် လုပ်သလိုမျိုးဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
2015-10-12
အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ ကိုမြအေးတို့ နှစ်ဦးဟာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ သိရပါတယ်။
2015-10-12
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်ဖို့အတွက် ဒီကနေ့ ကိုကိုးကျွန်းကို သွားဖို့စီစဉ်ထားပေမယ့် အဲ့ဒီကိုသွားနိုင်ဖို့အတွက် စီစဉ်ပေးနိုင်သူ မရှိတာကြောင့် သွားလို့ မရဖြစ်နေပါတယ်။
2015-10-12
ရှမ်းပြည်နယ် မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်ကြားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် အစိုးရ စစ်တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကျားခေါင်းပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောပါတယ်။
2015-10-11
အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်နှက်ကိုင်အဖွဲ့အစည်းအားလုံး မပါဝင်တဲ့အတွက် နေပြည်တော်မှာ အောက်တိုဘာလ (၁၅) ရက်ကျရင် ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲကို မတက်ဘူးလို့ (UNA ) စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် ကပြောပါတယ်။
2015-10-11
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝေဖြိုးနဲ့ ကိုဇော်လင်းတို့အမှုကို အောက်တိုဘာ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တရားရုံးက အပြီးသတ်စစ်ဆေးပါတယ်။
2015-10-11
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရတာကို အရေး ယူပေးဖို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရွေးကောက် ပွဲကော်မရှင် ကို တိုင်ကြားမယ်လို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က ပြောပါတယ်။
2015-10-11
မြန်မာနိုင်ငံ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် EU ဥရောပ သမဂ္ဂက လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၅ဝ စေလွှတ်ထားရာမှာ၊ ဒီနေ့ အဖွဲ့ဝင် ၃ဝ ပါ ပထမဆုံး အသုတ်ဟာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာသွားပြီဖြစ်ပါ တယ်။
2015-10-11
တိုင်းရင်းသားဘာသာစကားတွေနဲ့ ထုတ်ဝေနေတဲ့ ဂျာနယ်တွေ၊ စာစောင်တွေ ကို ပုံနှိပ်ရာမှာ စာမျက်နှာ လေးမျက်နှာစာ ကုန်ကျစရိတ်ကို အစိုးရ ကထောက်ပံ့ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
2015-10-11
အပစ်ရပ်လက်မှတ်ထိုးမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ (၈)ဖွဲ့ခေါင်းဆောင်တွေ နဲ့ အစိုးရတို့ နှစ်ဖက် သဘောတူညီမှုအရ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင် ၂၅ ဦးခန့်ကို အသိသက်သေအဖြစ် ဖိတ်ကြားထားပြီး ဘယ်သူတွေ တက်ရောက်မယ်ဆိုတာ ကိုတော့ မနက်ဖြန်နေ့လည်မှာ အတိအကျသိရမှာဖြစ်တယ် လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။
2015-10-11
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်တဲ့အခါ ကျောက်ဖြူ လျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ အစားထိုးဖြန့်ဝေပေး ဖို့ ကျောက်ဖြူမြို့ခံတွေ၊ ရပ်မိရပ်ဖတွေနဲ့ မြို့နယ်စည်ပင် သာယာရေး ကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။