သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-11
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ လာမယ့် ၂ လအတွင်း လျှပ်စစ်မီးရရှိတော့ မှာဖြစ်ကြောင်းနဲ့ အဲ့ဒီလို လျှပ်စစ်မီးရရှိဖို့ အစိုးရက ဆောင်ရွက်ပေးတာဟာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေး သဘောမျိုး လုပ်ဆောင်တာ မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြော ပါတယ်။
2015-10-11
ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ခဲ့ရင် နိုင်ငံကိုအကျိုးပြုနိုင်တဲ့ ပြင်ပ ပညာ ရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။
2015-10-11
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးက အားကစားကွင်းမှာ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်ပွဲပြုလုပ်ခဲ့ပါတယ်။
2015-10-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် က မြောင်းတကာကျေးရွာ မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကျင်းပခဲ့ပါတယ်။
2015-10-11
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၇ လပြည့်အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ က ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2015-10-11
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ကနေ အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ(NDF) ကနေ ကိုယ် စားပြုယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်မေသူသူအောင် က သူသာ အရွေးချယ်ခံရရင် ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်း ခွင့်ရဖို့ လွှတ်တော်ထဲမှာ တောင်းဆိုသွားမယ် လို့ ပြောပါတယ်။
2015-10-11
အောက်တိုဘာလ (၁၅) ရက်နေ့မှာ ကျင်းပမယ့် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးပွဲကို မတက်ရောက်တာ ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်တာကြောင့်လည်း ပါဝင်တယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်။
2015-10-11
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ ထောင်ထဲမှာဘာသာပြန်ခဲ့တဲ့ " နောက်ဆုံးအားပေးသံ" စာအုပ်ကို ဒီကနေ့ဖြန့်ချီ ပါတယ်။
2015-10-10
ဒီကနေ့ ကျရောက်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ၄ နှစ်ပြည့် အခမ်းအနားမှာ မြစ်ဆုံစီမံကိန်းကြောင့် မူလရွာတွေကနေ ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေက စီမံကိန်းကို ထာဝရရပ်ဆိုင်းပေးဖို့ အစိုးရထံ တောင်းဆို လိုက်ကြပါတယ်။
2015-10-10
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်နေတာဟာ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာ အားလုံးသိကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးမောက်မြို့ဟောပြော ပွဲမှာ ပြောကြားလိုက်တာကို ကန့်ကွက်ကြောင်း ကချင်ပြည် နယ်အစိုးရအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2015-10-10
လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ ရင်တောင်မှ ဘယ်သူ့ကို သမ္မတရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-10-10
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် မှာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း မိုးသည်းထန် မှုကြောင့် ကျောင်းကြီးကျေးရွာမှာ လူ ၁၄ ယောက် ရေထဲမျောပါပြီး ပျောက်ဆုံးနေပါတယ်။
2015-10-10
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)အဖွဲ့အနေ နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိကြောင်းနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်း သွားမှာ မဟုတ်ကြောင်း ဒီကနေ့ ပြောပါတယ်။
2015-10-10
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင် မှုတွေကို အများသိအောင်ကြေညာရာမှာ ပိုင်ဆိုင်မှု ကို လိမ်လည် လှည့်ဖျားပြီးပြလို့မရအောင် လုပ်ဆောင်ထားကြောင်းနဲ့ အဲဒီလို ကိုင်တွယ်ထားတဲ့ ပါတီဟာ အန်အယ်လ်ဒီတစ်ပါတီတည်းသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-10-10
ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေကို ရှင်းလင်းခဲ့ပါတယ်။