သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-13
အမျိုးုဘာသာ သာသနာကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့က ရွေးကောက်ပွဲ ငြိမ်းချမ်း စွာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့မှုအတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
2015-11-13
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ ပြီးရင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်အောင်လုပ်ပြီး နိုင် ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။
2015-11-13
ရွေးကောက်ပွဲ အရှုံး၊ အနိုင်နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-13
မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြော ကြားလိုက်ပါတယ်။
2015-11-13
အခုရရှိထားတဲ့ မဲစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြှောက်နိုင်ပြီလို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။
2015-11-13
နိုဝင်ဘာလ ၁၃ ရက် နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၃၈ ဦး ၊ အမျိုးသား လွှတ်တော်အတွက် ၁၁၀ ဦး ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အတွက် ၄၀၁ ဦး ရှိနေပါတယ်။
2015-11-13
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ်မှာ တစ်ဦးတည်းက မဲလက်မှတ် ၅ ခုလောက်နဲ့ မဲပေးခဲ့တာတွေ၊ ကြိုတင်မဲကို ကိုယ်စားပေးတာတွေ ရှိနေတဲ့အတွက် နမ့်စန်မြို့နယ် မဲစာရင်းရလဒ်ကို အန်အယ်လ်ဒီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တစည ပါတီ ကိုယ်စားလှယ်တွေက လွိုင်လင် ခရိုင်ကော်မရှင်ထံ ကန့်ကွက်စာတင်လိုက်ပါတယ်။
2015-11-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အကူအညီပေးခဲ့ကြတဲ့ အနုပညာရှင်တွေ နဲ့ ဒေါ်အောင်ဆန်းကြည်ဟာ ရန်ကုန်မြို့ မှာ နိုဝင်ဘာ လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2015-11-13
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသ ကျောင်းသားနှစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က မြင်းခြံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-11-13
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က နိုဝင်ဘာလ ၁၂ ရက်နေ့ ဒီကနေ့ လားရှိုးမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-13
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နေပြည်တော် သတင်းမီဒီယာ စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-13
လက်ရှိ ရရှိထားတဲ့ မဲစာရင်းအရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရတရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး၊ ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြောက်နိုင်ပြီလို့ ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။
2015-11-13
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ သုံးလအတွင်း ပါတီတွင်း ပြုပြင်ပြောင်း လဲရေးတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး ကို ကျောခိုင်းပြီး၊ စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။
2015-11-13
ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက နေရာအတော်များများ အနိုင်ရနေသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လတ်တလာ မြို့နယ် ၃ မြို့နယ်မှာ အနိုင်ရနေပါတယ်။
2015-11-12
သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ နောက် တက်လာမယ့် အစိုးရသစ်ကို အာဏာမလွှဲ ခင် မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B က မနေ့က တောင်းဆိုလိုက်ပါတယ်။