သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-10
SSPP/SSA ရှမ်းပြည်တပ်မတော်အဖွ့ဲရဲ့ ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းတပ်စခန်းကို အစိုးရတပ်မတော်က လေကြောင်းကနေတစ်ဆင့် ဒီကနေ့ မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောပါတယ်။
2015-11-10
လားရှိုးမြို့နယ် မဲဆန္ဒနယ်က ကြိုတင်မဲတွေ ကိစ္စ သတင်းထောက်တွေက မေးရာ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ စိတ်ဆိုးပြီး သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။
2015-11-10
အထွေထွေရွေးကောက်ပွဲ ရလဒ်မဲစာရင်းတွေကို မနေ့ညက ရေတွက်နေစဉ်မှာ တစ်ချို့မဲဆန္ဒ နယ်မြေတွေမှာ ကြိုတင်မဲလက်မှတ်တွေ အထုပ် လိုက် ရောက်ရှိလာတာတွေ ရှိတဲ့အတွက် ကြိုတင်မဲ နဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။
2015-11-10
နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပပြီးစီးသွား တဲ့ ရွေးကောက်ပွဲရလဒ်တွေကို နေပြည်တော် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ကနေ နိုဝင်ဘာလ(၉) ရက်နေ့လည် ၃နာရီကစလို့ ထုတ်ပြန်နေပါတယ်။
2015-11-10
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ရခိုင်အမျိုးသား သားအဖ ၂ ဦးစလုံး ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပါတယ်။
2015-11-10
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ စတင်ကြေညာလိုက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကိုလည်း ပြောခဲ့ပါတယ်။
2015-11-10
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ဟာ မဲရှုံးနိမ့်ခဲ့ပါတယ်။
2015-11-10
ကနဦး ရွေးကောက်ပွဲ မဲရလဒ်တွေအရ ရှမ်းပြည်နယ် မြောက်ပိုင်းက မူဆယ်၊ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေ နဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တစ်ချို့မှာ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်း) ပါတီက မဲအနိုင်ရနေတယ်လို့ ကျားခေါင်းပါတီက ပြောပါတယ်။
2015-11-10
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မနေ့ကညပိုင်းက ကြိုတင်မဲ ရေတွက်ရာ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းမောက်ခမ်းကို ထောက်ခံ တဲ့ ကြိုတင်မဲ ၃၀၀၀ ကျော်နဲ့ အနိုင်ရခဲ့ကာ မဲရလဒ်တွေ အပြောင်းအလဲဖြစ်နေပါတယ်။
2015-11-10
ပဲခူးတိုင်း ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ဟာ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အနိုင်ရခဲ့ပါတယ်။
2015-11-10
ဧရာဝတီတိုင်း ဟသာၤတခရိုင်အတွင်း မြို့နယ် ၆ မြို့နယ်မှာ မဲရေတွက်မှု စာရင်းတွေအရ အန်အယ်လ်ဒီပါတီက မဲအများဆုံးနဲ့ အနိုင်ရရှိနေပါတယ်။
2015-11-10
ရွေးကောက်ပွဲ အနိုင်ရမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ အနိုင်ရခဲ့တဲ့ ဒေါ်စန္ဒာမင်း ကို ဦးခင်မောင်စိုး က တေ့ွဆုံမေးမြန်းထားပါတယ်။
2015-11-10
နိုဝင်ဘာလ ၁ဝ ရက်နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အနိုင်ရစာရင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၆၈ ဦးနဲ့ ဦးဆောင်နေပါတယ်။
2015-11-10
ရွေးကောက်ပွဲ အနိုင်အရှုံးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-11-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ်အဖြစ် ရွှေဂုံတိုင်လမ်း ဌာနချုပ်မှာ လူထုကို ဒီကနေ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။