သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-09
နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံပေါင်း ၄၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အဲဒီအထဲက မဲရုံ ၂၅ ရာခိုင်းနှုန်းဟာ မဲပေးပိုင်ခွင့်ရှိသူတွေ ရဲ့ စာရင်းကို ကပ်ထားဖို့ပျက်ကွက်ခဲ့တယ်လို့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့ က ပြောပါတယ်။
2015-11-09
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ မနေ့ညက မဲတွေ ရေတွက်နေစဉ်အတွင်း ကြိုတင်မဲ တစ်သောင်းတစ်ထောင်ခန့် ရောက်ရှိလာ တာကြောင့်၊ အန်အယ်လ်ဒီပါတီ၊ ကျားခေါင်းပါတီနဲ့ ကျားဖြူ ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ကြောင်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။
2015-11-09
မကွေးတိုင်း ဂန့်ဂေါခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့် ခဲ့ပါတယ်။
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လိုအပ်ရင် ပါတီဥက္ကဌတာဝန်က နှုတ်ထွက် မယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-11-09
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲမဲရလဒ်တွေကို ဒီကနေ့ စတင်ကြေညာရာမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းက ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ပေါင်း ၁၂ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွက် ၂၄ နေရာအားလုံး မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ ပြောပါ တယ်။
2015-11-09
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင် တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့ လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-11-09
ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလဒ်ကို လက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ က ပြောပါတယ်။
2015-11-08
အခုဆက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို ထုတ်လွှင့်ပေးမှာပါ။ ပရိသတ်များရှင်၊ မြန်မာပြည် ရဲ့ နိုင်ငံရေးနဲ့ သာသနာရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာအရှိန်အဝါက ကြီမား လှပါတယ်။
2015-11-08
ဒီကနေ့ ရွေးကောက်ပွဲနေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်ရုံးချုပ်ရှေ့မှာ သောင်းဂဏန်းလောက်ရှိမယ့် မြို့ခံတွေ လာရောက် စုဝေးနေကြပါတယ်။
2015-11-08
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၈ ရက် ဒီကနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက် မဲပေးခဲ့ပြီးနောက်၊ ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာပြီး မဲရုံ ၃ ရုံကို ဝင်ရောက် ကြည့်ရှုခဲ့ပါတယ်။
2015-11-08
ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း မဲပေးခဲ့ကြပါတယ်။
2015-11-08
ဒီနေ့ အထွေထွေ ရွေးကောက်ပွဲနေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေ မဲသွားပေးတဲ့အခါ ကြုံတွေ့ရတာတွေနဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က စုစည်းတင်ပြထားပါတယ်။
2015-11-08
မန္တလေးခရိုင် အတွင်းမှာရှိတဲ့ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်-၁ ရပ်ကွက်က မဲရုံအမှတ်-၅ မှာ အမှန်တကယ် နေထိုင်ခြင်းမရှိသူ အယောက်တစ်ရာလောက် ဒီကနေ့ မဲလာပေးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် မဲရုံကိုယ်စားလှယ်တွေက ဖော်ထုတ်လိုက်ရာကနေ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီလူတွေကို မဲပေးခွင့် ပိတ်ပင်လိုက်ပါတယ်။
2015-11-08
နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေဟာ မဲရုံတွေမှာ မနက် မိုးမလင်းခင် ကတည်းက စောင့်ဆိုင်းပြီး မဲပေးခဲ့ကြပါတယ်။
2015-11-08
မြန်မာနိုင်ငံမှာ ပိုမို ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေး အတွက် စစ်တပ်က ဖြေလျှော့ပေးလာမလားဆိုတဲ့ ေ မးခွန်းအတွက် ပြည်သူ သန်းပေါင်း ၃၀ ကျော်က ဒီနေ့ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရွေးချယ်ကြပါတယ်။ ြ မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်က အုပ်ချုပ်လာပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်မှာ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။