သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-15
လွှတ်တော်ကြားနာပွဲကို ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင် ၁၅ ဦးမှာ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးဘာကြောင့် မတက်ဖြစ်တာလဲဆိုတာနဲ့ ပတ်သက်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗကသကိုယ်စားလှယ် ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-03-15
အခုသတင်းပတ်တွေအတွင်း ရန်ကုန်မြို့ မှာဖြစ်ခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲ၊ မြို့တော်ခန်းမရှေ့က ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြပွဲနဲ့၊ လက်ပံတန်းမြို့က ကျောင်းသားဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အာဏာပိုင်နဲ့ စွမ်းအားရှင်တွေက သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်း ခဲ့တဲ့အတွက် မြန်မာ့သတင်းသမားများကွန်ရက် MJN က မနေ့က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
2015-03-15
ရခိုင်ပြည်နယ် ရေယာဉ်နစ်မြုပ်တဲ့နေရာ မှာ ရေစီးသန်နေတဲ့အတွက် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ သိရပါတယ်။
2015-03-15
ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့က မြင်းခြံ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ရောက်တဲ့အချိန်မှာ ခွပ်ဒေါင်းအလံ လွှင့်တင်ခဲ့တဲ့လုပ်ရပ်အတွက် စွပ်စွဲပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မုံရွာနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို မတ်လ ၁ဝ ရက်နေ့ ညမှာ အာဏာပိုင်တွေက သူနေထိုင်ရာ ကျောင်းဆောင်ကို လာရောက်ဖမ်းဆီးသွားပါတယ်။
2015-03-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2015-03-14
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင် ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာနေရာမှာ မြစ်ဆုံစီမံ ကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ဒေသခံကျေးရွာသားတွေက စုပေါင်းကျင်းပခဲ့ပါတယ်။
2015-03-14
လက်ပံတန်းမှာ သပိတ်မှောက် ကျောင်း သား ကျောင်းသူတွေကို ဖမ်းဆီးရာမှာ အလွန်အကျွံအင်အားသုံး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ဥရောပသမဂ္ဂ EU က သင်တန်းပို့ချတဲ့နည်းတွေကို အသုံးပြုခဲ့တာသာဖြစ်ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့ ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က RFA ကိုပြောပါတယ်။
2015-03-14
လာမယ့် မတ်လ ၁၆ ရက်နေ့ နေပြည်တော် မှာ ကျင်းပမယ့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကြားနာပွဲ ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ကိုယ်စားလှယ်တွေ တက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
2015-03-14
ကိုးကန့်ဒေသတိုက်ပွဲမှာ မြန်မာစစ်လေ ယာဉ်တစ်စင်းရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသား ၄ ဦးသေ ဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ လုပ်ရပ်အတွက် တရုတ်အစိုးရ က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2015-03-14
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ကြားနာပွဲကို နေပြည်တော် အမျိုးသားလွှတ်တော်မှာ ကျင်းပရာမှာ ဒီနေ့အရပ်ဘက် လူမှုအဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
2015-03-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အောင်တံခွန် အမှတ်(၃) ခရီးသည်တင် ရေယာဉ်ဟာ မနေ့က မြေပုံမြို့ နယ် နောင်တော်ကြီးမြစ်အတွင်း နစ်မြုပ်ခဲ့ရာ သေ ဆုံးသူ ၁ဝဝ လောက်ရှိတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
2015-03-14
သပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ အတွေ့အကြုံတွေ နဲ့ပတ်သက်လို့ သာယာဝတီ ထောင်ကနေ ၂ဝ၁၅ မတ်လ ၁၂ ရက်နေ့ကပြန် လွတ်လာ တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်က မောင်အောင်မင်းခန့်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်က မတင့်တင့်ခိုင် (ခ) အိပုံ တို့ရဲ့ ပြောပြချက်တွေကို အခု ထုတ်လွှင့်ပေးပါမယ်။
2015-03-14
ကျောင်းသားသပိတ်ဖြိုခွဲမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လက်ရှိ ဒီမိုကရေစီအစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေတဲ့အကြောင်း RFA ဝိုင်းတော်သူမဟေမာစိုးက တင်ပြ ထားပါတယ်။
2015-03-14
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ် မှာ ကျောင်းသားကျောင်းသူတွေဘက် က အနိုင်ရရှိတယ်လို့ ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။
2015-03-14
ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ငါးရက်မြောက်ကြားနာပွဲကို အမျိုးသား လွှတ်တော်မှာ ၂ဝ၁၅ မတ်လ ၁၃ ရက်နေ့ ဒီကနေ့ ကျင်းပရာမှာ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။