သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-14
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေဟာ မတ်လ ၁ဝ ရက်နေ့မှာတော့ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။
2015-03-14
ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ဟာ ကျောင်းသား သပိတ်ဖြိုခွဲခံတဲ့ အချိန်မှာ အပြင်းအထန်ရိုက်နှက်ခံရတဲ့ဒဏ် နဲ့ ထောင်ဆေးရုံမှာ ကုသနေရတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မိဘတွေကအတော်လေး စိုးရိမ်နေကြပါတယ်။
2015-03-14
မတ်လ ၁၂ ရက်နေ့ညသန်းခေါင်ကျော်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗကသ ကျောင်း သားခေါင်းဆောင် ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေနဲ့ မဟန်နီဦးတို့ ၃ ဦးကို ရဲတပ်ဖွဲ့တွေက မနေ့နေ့လည်မှာ သာယာဝတီထောင်ကို ပို့လိုက်ပါတယ်။
2015-03-14
ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲလိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်အတွက် ကနေဒါရောက်မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက တိုရွန်တိုမြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြပြီး ပြစ်တင် ရှုတ်ချကြပါတယ်။
2015-03-14
အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် လိုင်ဇာ မှာရှိတဲ့ ကေအိုင်အို ကိုယ်စား လှယ်တွေ မြစ်ကြီးနားကို မနေ့ကထွက်ခွာ သွားပြီလို့ သိရပါတယ်။
2015-03-14
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်း က ကျောင်းသားတွေကို မြန်မာအစိုးရက အကြမ်း ဖက်နှိမ်နင်းတာကို ကန့်ကွက်တဲ့ အနေနဲ့ အမေရိ ကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိ တဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာအင်အားစုတွေ လေး ရက်မြောက်နေ့အဖြစ် မနေ့က ဆက်လက် ဆန္ဒပြကြ ပါတယ်။
2015-03-13
မြန်မာအစိုးရက ကျောင်းသားဆန္ဒပြပွဲ နှစ်ခုကို ဒီရက်ပိုင်း အတွင်း အကြမ်းဖက် နှိမ်နင်းခဲ့တဲ့လုပ်ရပ်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံးက ပစ်တင်ဝေဖန်ရင်း အဖမ်းဆီးခံကျောင်းသားနဲ့ တခြားလူ့အခွင့်အရေးလှုပ်ရှားသူ ၁ဝဝ ကျော်ကို ချွင်းချက် မရှိ အမြန်ဆုံးလွတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
2015-03-13
အမျိုးသားလွှတ်တော်မှာ ပြုလုပ်နေတဲ့ အမျိူးသားပညာရေး ဥပဒေပြင်ဆင်ရေးဆိုင်ရာကြားနာပွဲကို လာမယ့် (၁၇) ရက်နေ့မှာ တက်ရောက်မယ်လို့ NNER ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပြောပါတယ်။ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-03-13
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသူ ကျောင်းသား ၆ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ခွင့်ပြုချက်လျှောက်ထားတာကို ပယ်ချလိုက်ပါတယ်။
2015-03-13
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး အတွက် အကြမ်းမဖက်ပဲနဲ့ အားလုံးညှိနှိုင်း ပြီးဖြေရှင်းဖို့ လိုအပ်ကြောင်း ကြားနာပွဲကိုတက်ရောက်ခဲ့ တဲ့ နိုင်ငံရေးပါတီ ၁၁ ခုက ဆွေးနွေးကြပါတယ်။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ် စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တာဟာ အာဏာရှင်အမူအကျင့် မပျောက်တဲ့လုပ်ရပ်မျိုးဖြစ်တယ် လို့ ရွှေပါရမီပညာရေးဖောင်ဒေးရှင်း ဆရာတော် အရှင် ဆန္ဒာဓိကက မိန့်ကြားလိုက်ပါတယ်။
2015-03-13
လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ က စတင်လိုက်ပါတယ်။
2015-03-13
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်အရေးအခင်းမှာ မဆလ အစိုးရက သေနတ်နဲ့ပစ်ခတ် မူကြောင့် သေဆုံးခဲ့တဲ့ စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်း သားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို နိုင်ငံရေး အသိုင်းအဝိုင်းက ဒီနေ့ ဂုဏ်ပြုကြပါတယ်။
2015-03-13
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေထဲက ၉ ဦးနဲ့ သတင်းထောက် ၂ ဦး စုစုပေါင်း ၁၁ ဦးကို အစိုးရက လွှတ်ပေးခဲ့ပါတယ်။
2015-03-13
လက်ပံတန်းမြို့မှာ သပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့အတူ အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေက မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်မှာ မတ်လ ၁၂ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။