သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို နာရေးကူညီမှုအသင်းက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။
2015-03-13
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲမခံရချိန်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေအကြား ညှိနှိုင်းပေးခဲ့တဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင်ကို RFA သတင်းထောက် ကိုအောင်ကိုကိုက တွေ့ဆုံ မေးမြန်းထားပါတယ်။
2015-03-13
သပိတ်စစ်ကြောင်းကို ဖြိုခွဲချိန်မှာ ကျောင်းသားတွေက အေးအေးဆေးဆေး အဖမ်းခံမယ့်အကြောင်း ရဲတွေကိုပြောပေမယ့် ဖမ်းဆီးပြီးနောက် ရိုက်နှက်ခဲ့ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
2015-03-13
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခဲ့တဲ့ အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ကျောင်းသားတွေ နဲ့ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပွဲကို ရန်ကုန်မြို့က နာရေးကူညီအသင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-03-13
မြန်မာနိုင်ငံက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေ တဲ့ လူတွေကို အာဏာပိုင်တွေက မကြာ ခင်က ဖမ်းဆီးတဲ့အတွက် အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်သမ္မတဟောင်း George Bush နဲ့ဇနီး Laura Bush တို့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန် လိုက်ပါတယ်။
2015-03-13
လက်ပံတန်းကကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုအပြီး အဖမ်းမခံရဘဲ လွတ်မြောက်နေတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော် မတီဝင်တွေထဲက ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုမိုး ထက်နေနဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်တို့ ၄ ယောက်ကို ရန်ကုန်တိုင်း အလုံမြို့နယ်ကနေအိမ်တစ်အိမ်မှာ မတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က ရဲတွေလာရောက် ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။
2015-03-12
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ နိုင်ငံရေး၊ လူမှုရေးနဲ့ စာပေအနုပညာရှင်တွေ က တောင်းဆိုလိုက်ပါတယ်။
2015-03-12
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေအနေနဲ့ လွှတ်တော်လမ်းကြောင်းကနေ ဖြေရှင်းသင့်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြော ပါတယ်။
2015-03-12
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ကနေ ကျောင်းသား ကျောင်းသူတွေနဲ့အတူ ဖမ်းဆီးခံရပြီး လွတ်မြောက်လာတဲ့ သံဃာတော် ၁၀ ပါးက မန္တလေးမြို့ ကံတက်ကုန်း မစိုး ရိမ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-03-12
ပြန်လည်လွတ်မြောက်လာတဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသူ မရည်မိုမိုအောင်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက် သွယ်မေးမြန်းထားပါတယ်။
2015-03-12
လက်နက်မဲ့ကျောင်းသားတွေကို အကြမ်း ဖက်နှိမ်နင်းတဲ့အတွက် လက်တုန့်ပြန်တဲ့ အနေနဲ့ အစိုးရတပ်စခန်းတစ်ခုကို မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က RFA ကိုပြော ပါတယ်။
2015-03-12
သာယာဝတီအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောက်ဆည်မြို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တာဝန်ခံ ကိုအောင်မင်းခန့်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-03-12
မတ်လ ၁၀ ရက်နေ့က လက်ပံတန်း ကျောင်းသား သပိတ်စခန်းဖြိုခွင်းပြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ကျောင်းသူ ကျောင်းသားတွေ ထဲက ဒီနေ့ညနေပိုင်းအထိ ၁၆ ယောက်လောက်ကို လွှတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
2015-03-12
ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကိုဉာဏ်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က တေ့ွဆုံမေးမြန်းထားပါတယ်။