သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-12
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရချိန်မှာ ပဲခူးတိုင်းဒေသကြီးအစိုးရနဲ့ ကျောင်းသားသပိတ် ခေါင်းဆောင်တွေအကြား ညှိနှိုင်းပေးခဲ့တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင်ကို RFA သတင်းထောက် ကိုအောင်ကိုကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-03-12
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့ဈေးထဲကို ပြီးခဲ့တဲ့ရက်ပိုင်းက အမြောက်ကျည်ဆံ ကျခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ကိုလည်း အစိုးရက ဖမ်းဆီး စစ်ဆေးနေတာတွေရှိတယ်လို့ ကိုးကန့် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2015-03-12
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ကန့်ကွတ်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပွဲကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေးကူညီအသင်း(ရန်ကုန်)မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-03-12
ပဲခူးတိုင်း လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ဖြိုခွဲစဉ်မှာ ကျောင်းသားတွေနဲ့ အတူရှိခဲ့တဲ့ မန္တလေးမြို့ အလယ်တိုက်ကြီး ဒက္ခိဏရာမဘုရားကြီးတိုက်က ဆရာတော် ဦးဝိသုတဟာ ဒီနေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာကျင်းပတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ရှုတ်ချပွဲကို တက်ရောက်ခဲ့ပါတယ်။
2015-03-12
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက မနေ့ကဖြိုခွဲပြီးနောက် ဖမ်းဆီး ထားတဲ့ ကျောင်းသားတွေကို လက်ပံတန်း မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2015-03-12
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အပေါ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-03-12
မနေ့က လက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက် ဖြိုခွဲခံရမှှုကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ မန္တလေးမြို့က ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-03-12
လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းလိုက်တဲ့အပေါ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စား လှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က စုစည်းတင်ပြထားပါတယ်။
2015-03-12
လက်ပံတန်းမြို့က ကျောင်းသားသပိတ်မှာပါတဲ့ သံဃာ ၁ဝ ပါးကို ဖမ်းဆီးပြီး ပဲခူးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက ကျောင်းတိုက်အသီးသီးကို မတ်လ(၁၁)ရက် ဒီနေ့ မနက်မှာ ပြန်ပို့လိုက်ပါတယ်။
2015-03-12
မတ်လ ၁ဝ ရက်၊ မနေ့က လက်ပံတန်းမြို့က ကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲမှု မတိုင်ခင် ကျောင်းသားကျောင်းသူတွေ ပြောပြချက်တွေနဲ့၊ သပိတ်စခန်းဖြိုခွင်းခံရတဲ့ အခြေအနေကို RFA သတင်းထောက် မပြုံးမို့မို့ဇင်က စုစည်းတင်ပြထားပါတယ်။
2015-03-12
မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း မှာ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တာကို ဆန့်ကျင့်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာအစိုးရသံရုံးရှေ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့နဲ့ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် အိမ်ရှေ့တွေမှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-03-12
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတာကို ကိုယ်တိုင်ကြုံတွေ့ရပြီး မနေ့ကပြန်လွတ်လာတဲ့ မန္တလေးမြို့ ရှမ်းစုရပ် ဆီးဘန်နီတိုက်က ဆရာတော် အရှင်စိန္တတကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-03-12
ဖမ်းဆီးခံကျောင်းသားတွေနဲ့ ပြည်သူတွေ အားလုံးခြွင်းချက်မရှိ အမြန်ဆုံးပြန် လွှတ်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ မတ်လ ၁၂ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2015-03-12
ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို လက်ပံတန်းမှာ သက်ဆိုင်ရာက အင်အားအလွန်အကျွံသုံး နှိမ်နှင်းခဲ့မှုနဲ့ပတ်သက်ပြီး မည်သည့်အကြမ်းဖက်မှုကိုမျှ မိမိတို့ပါတီအနေနဲ့ လက်မခံနိုင်ဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2015-03-11
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသားလွှတ်တော်မှာကျင်းပတဲ့ ကြားနာပွဲကို ကျောင်းသားသပိတ်ကိုထောက်ခံတဲ့ ပြည်သူ့ ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့ပါတယ်။