သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-11
မနေ့က လက်ပံတန်းမြို့က ကျောင်းသား သပိတ်စခန်းမှာ ရိုက်နှက်ဖမ်းဆီးခံရ တဲ့ ကျောင်းသား ကျောင်းသူတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2015-03-11
လက်ပံတန်း ကျောင်းသားသပိတ်စခန်းကို ရိုက်နှက်ဖြိုခွင်းတာဟာ ဥပဒေနဲ့ မညီကြောင်း အဲ့ဒီအတွက် စုံစမ်းရေးကော် မရှင်ဖွဲ့ပြီး တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တောင်းဆိုပါတယ်။
2015-03-11
ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကြာသာပတေးနေ့ က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အမျိူး သားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြ ကြတဲ့ ကျောင်း သူကျောင်းသားတွေကို လူစုခွဲဖမ်းဆီးခဲ့ တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဖို့ အတွက် ဆိုပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင် တစ်ရပ် ကို မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
2015-03-11
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားကိုယ် စားလှယ်တွေက အမျိုးသားလွှတ်တော်မှာ ဒီလ ၁၆ ရက်နေ့မှာကျင်းပမယ့် အမျိုးသား ဥပဒေပြင် ဆင်ရေးကြားနာပွဲကိုတက်ရောက်မယ်လို့ ပြောပါတယ်။
2015-03-11
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်အပြင် နိုင်ငံရေးပါတီတချို့က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်လာရေး အတွက် ဆွေးနွေးတယ်လို့ သိရပါတယ်။
2015-03-11
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကန့်ကွက်လိုက်ပါတယ်။
2015-03-11
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်း ဖြိုခွဲချိန်မှာ ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ မြို့ခံ ကိုလွှမ်းမိုးအောင်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ပံတန်းမြို့နယ် ဆေးရုံ မှာ ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာမ မဇာဇာထွန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုအောင်ကိုကို ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ် မေးမြန်းထားပါတယ်။
2015-03-11
ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲချိန်မှာ သတင်းမီဒီယာသမားတချို့လည်း ရိုက်နှက်ဖမ်းဆီးခံရပါတယ်။
2015-03-11
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်း သားများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုစိုင်းနောင်ပြည့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-03-11
လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ကျောင်း သား၊ ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
2015-03-11
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။
2015-03-11
မန္တလေးတိုင်း မတ္တရာမြို့နယ်က တောင်ခေါင်းရွာဟာ ၁၉၇ဝ ခုနှစ်လောက်က သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထားတဲ့မြေနေရာထဲမှာ ပါဝင်နေတဲ့ကျေးရွာဖြစ်ပါတယ်။
2015-03-11
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ-UPWC အစည်းအဝေး တက်ရောက်မယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေနဲ့ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေဟာ လာမယ့် မတ်လ ၁၂ ရက်နေ့ကျရင် နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံကြဖို့ရှိပါတယ်။