သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-11
ပဲခူးတိုင်း လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဒီကနေ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားနဲ့ အရပ်သားစုစုပေါင်း တစ်ရာနီးပါးကို ဖမ်းဆီးလိုက်ပါတယ်။
2015-03-11
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီးနောက်၊ အဲဒီ့ကနေလွတ်မြောက်လာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်မြို့ကကျောင်းသားတွေ စုပေါင်းပြီး လှည်းတန်းလမ်းဆုံမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-03-10
ဒီမိုကရေစီပညာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုနေတဲ့ ကျောင်းသားတွေကို အစိုးရက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးလိုက်တဲ့အတွက် အရင်စစ်အစိုးရ လိုပြုမူနေတဲ့ မြန်မာအစိုးရထဲက တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ မူဝါဒအတိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်ပြည်ထောင် စုအခြေစိုက် The Burma Fund ခေါ် မြန်မာ့ရန်ပုံငွေအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
2015-03-10
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ရန်ကုန်ကို ချီတက်ဆန္ဒပြနေ တဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က မနေ့က အင်အားသုံးဖြိုခွဲခဲ့ပြီး၊ ဆန္ဒပြသူအများ အပြားကို ဖမ်းဆီးခဲ့တာဟာ အရင်စစ်အစိုးရလက်ထက် က ဖိနှိပ်တဲ့အခြေအနေတွေဆီ ပြန်လှည့်သွားတော့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြစရာတွေ ဖြစ်လာနေတယ်လို့ EU ဥရောပ သမဂ္ဂအဖွဲ့က ပြစ်တင်ဝေဖန်ပြောဆိုလိုက်ပါတယ်။
2015-03-10
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ သတင်းမီဒီယာသမားတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးတာဟာ သတင်းမီဒီယာ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီက ပြည်ထဲရေးဝန်ကြီးဌာနထံ စာပေးပို့လိုက်ပါတယ်။
2015-03-10
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၃၀၀ နီးပါး ပြန်လည်ရရှိဖို့အတွက် ဒေသခံတောင်သူ ၂၀၀ လောက်က သာပေါင်းမြို့မှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2015-03-10
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ က ကျောင်းသားသပိတ်စခန်း အကြမ်းဖက်ဖြိုခဲွဲခံရတာကို ကန့်ကွက်ကြောင်း ကျောင်း သား ကျောင်းသူ ၁၀၀ ကျော်က ရန်ကုန်မြို့ လှည်း တန်းဈေးရှေ့မှာ ဆန္ဒပြကြပါတယ်။
2015-03-10
ကျောင်းသားသပိတ်ကို အကြမ်းဖက်မှု ရပ်တန့်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းက ဦးဆောင်သူ ၂ ဦးကို မအူပင်မြို့နယ် ရဲစခန်းက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်လိုက်ပါတယ်။
2015-03-10
လက်ပံတန်းမြို့က ကျောင်းသားသပိတ် စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီး ထားတဲ့ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်းဆို လိုက်ပါတယ်။
2015-03-10
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က ရိုက်နှက်ဖြိုခွင်း ပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2015-03-10
အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု (ပင်မ) သပိတ်စစ်ကြောင်းကို အကြမ်းဖက်မဖြိုခွဲဖို့အတွက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကကျောင်းသား တွေ လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ် အောင်ပန်းမြို့ အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2015-03-10
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် ကြားနာပွဲ-စတုတ္ထနေ့ကို မတ်လ ၈ ရက်၊ မနေ့က အမျိုးသားလွှတ်တော် မှာကျင်းပခဲ့ပါတယ်။
2015-03-10
ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြတဲ့ကျောင်းသားတွေကို ပိတ်ဆို့ဟန့်တားတာ၊ အကြမ်းဖက် နှိမ်နင်းတာတွေနဲ့ ပတ်သက်ပြီး မကွေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး မကွေးမြို့ မြသလွန် ဘုရားမှာ ပြီးခဲ့တဲ့စနေနေ့က ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
2015-03-10
မတ်လ ၈ ရက်၊ မနေ့ကကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည် နယ် မြစ်ကြီးနားမြို့နဲ့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေမှာ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။
2015-03-10
ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ပြင်ဦးလွင်- အာရှအလင်းရောင်ဆရာတော် ဦးဆောင်တဲ့ “သင့်မြတ်လိုသူများ ဘာသာပေါင်းစုံပရဟိတအဖွဲ့” က မန္တလေးတိုင်း ပုဂံမြို့ဟောင်းမှာ ပလတ်စတစ်အိတ် အမှိုက်ကောက်တဲ့ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့ပါတယ်။