သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-11
အတာသြင်္ကန်နဲ့ မြန်မာ့ရိုးရာသံချပ်အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြ ထား ပါတယ်။
2015-04-11
မြန်မာနိုင်ငံမှာဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ခိုင်ဖြိုးဝါတီဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေကြီးစိုး ထားတဲ့အတွက် ဒီနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်ဘူးဆိုပြီး၊ ပြည်သူတွေ လိုလားချက်နဲ့အညီ ကော်မရှင်သစ်တစ်ရပ်ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
2015-04-11
လာမယ့်သြင်္ကန်ကာလအတွင်း ခရမ်း လွန်ရောင်ခြည်များ လွန်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း နေပူ ထဲမှာ ရေမကစားကြဖို့ မိုးလေဝသနဲ့ဇလဗေဒပညာ ရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြောကြားလိုက် ပါတယ်။
2015-04-11
ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုင်ရာ ဥပဒေတွေကို သိရှိနိုင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ခရိုင် ၅ ခုမှာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် NLD က သင်တန်းတွေ ပို့ချပေးနေပါတယ်။
2015-04-11
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံက ငါးဖမ်းရေလုပ် သားတွေကို ဖမ်းဆီးရောင်းစားနေတာတွေ ကို အကာအကွယ်ပေး နိုင်ဖို့နဲ့ နိုင်ငံတကာရွှေ့ပြောင်း ရေ လုပ်သားတွေကို အကာကွယ်ပေးတဲ့ ဥပဒေပြဌာန်းရေး အတွက် နိုင်ငံပေါင်း၂၅ နိုင်ငံက ကိုယ်စားလှယ်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခုလ ၂၈ ရက်နေ့ တွေ့ဆုံဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
2015-04-11
အင်ဒိုနီးရှားနိုင်ငံကို လူကုန်ကူးခံရပြီး ကျွန်းတွေပေါ် မှာ ကျေးကျွန်သဖွယ် အကျဉ်းချခိုင်းစေခံနေရ တဲ့ မြန်မာရေလုပ်သား ၂၈ဝ ကို မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့ဖို့ စီစဉ်နေပြီလို့ ဂျာကာတာ မြို့ မြန်မာသံရုံးက အရာရှိတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2015-04-11
လာမယ့် သြင်္ကန်ကာလအတွင်း ခရမ်း လွန်ရောင်ခြည် အညွှန်းကိန်းဟာ အဆင့် ၁၄ ထိ ရောက်နေမှာ ဖြစ်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း နေပူထဲ မှာ ရေဆော့ကစားတာတွေ မလုပ်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေး ပြောကြားပါတယ်။
2015-04-11
ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို လုပ်ခမပေးဘဲ ကျွန်ပြုခိုင်းစေတဲ့အထိ ဖြစ်ရပ်ကို AP သတင်းဌာနက ရေးသားခဲ့ပါတယ်။ အလားတူ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဟာ ထိုင်းငါးဖမ်းလှေတွေကနေတဆင့် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိပြီး ရောင်းစားခံနေရတာတွေ ရှိနေပါတယ်။
2015-04-11
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့နိုင်ငံရေး အတွက် အနာနဲ့ဆေးတဲ့ပြီလို့ ပြောဖို့စောနေ သေး သလို၊ သတိထားပြီး အကောင်းမြင်နဲ့ စောင့်ကြည့် ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။
2015-04-11
အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပဋိပက္ခတွေမဖြစ်ပွားရေး၊ အပြန်အလှန် နားလည်ချစ်ကြည်ရေး၊ စိတ်ရှည်သည်းခံရေးလုပ်ငန်းတွေ ကြိုးပမ်းဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ရွှေခြင်္သေ့ကျောင်းတိုက် ဆရာတော် ဦးတေဇာဓိပတိဟာ ဝါရှင်တန်မြို့တော် အခြေစိုက် USIP လို့ခေါ်တဲ့ အမေရိကန် ငြိမ်းချမ်းရေးသုတေသနသိပ္ပံဌာနရဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။
2015-04-11
ရုရှားငါးဖမ်းသင်္ဘောကနေ အသက်ရှင် ကျန်ရစ်တဲ့ မြန်မာအလုပ်သမား ၂၂ ယောက်ဟာ ဧပြီလ ၁၅ ရက်နေ့မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ ရုရှားနိုင်ငံ ဆာခါလင်းမြို့ ကနေ မြန်မာနိုင်ငံကို ပြန်ခွင့်ရတော့မယ်လို့သိရပါတယ်။
2015-04-11
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသား ကလေးငယ် တစ်ယောက် အပါအဝင် မြန် မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီး ကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။
2015-04-11
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ကို အလုပ်သမားလက်မှတ် သက်တမ်းတိုး ထုတ်ပေးနေရာ မှာ ကောက်ခံငွေများလွန်း တဲ့အတွက် အလုပ်သမားအနည်းစုကပဲ လက်မှတ်လုပ်နိုင်ပြီး ၊ အများစုက အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
2015-04-11
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖောဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်လည်ပေး အပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ် လို့သိရပါတယ်။
2015-04-10
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တလပြည့် အထိမ်းအမှတ် အဖြစ် ပဲခူးမြို့နဲ့ မန္တလေးမြို့တွေမှာ ကျောင်း သားတွေနဲ့ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။