သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-14
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေရပ် ဆိုင်းဖို့ အရှေ့တောင်အာရှနိုင်ငံတွေ က ပြင်းပြင်းထန်ထန် သတိပေးပြောဆိုကြမှဖြစ်မယ်လို့ မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီးက မနေ့က ပြောလိုက် ပါတယ်။
2015-05-14
ဗိုလ်တထောင်မြို့နယ် အမှတ် ၂- အမှတ် ၃ ရပ်ကွက်မှာ ၁၉၉၄ ခုနှစ်က သိမ်းဆည်းခံခဲ့ရ တဲ့ မြေတွေ ပြန်လည်ရရှိဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းက လူထုဟစ်တိုင်ကွင်းမှာ မြေပိုင်ရှင် ၃ဝ လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-05-14
မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးဘေး၊ ၁၉ မိုင်မှာရှိတဲ့ ကားရေဆေး ဆီထိုးဆိုင် ၄ဝ ကျော်ကို ဒီနေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ ပြင်ဦးလွင် ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ထားပါတယ်။
2015-05-14
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ဆွေးနွေး အတည်ပြုလိုက်ပါတယ်။
2015-05-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် နန်းတော်ကုန်းနဲ့ တံတိုင်းတွေ၊ ရှေးဟောင်း လက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ ဘိလပ်မြေတွေ၊ ကျောက်တုံးအသစ်တွေကို အစားထိုး ပြုပြင်လိုက်တာကြောင့် ရှေးခေတ်လက်ရာတွေ ပျက်စီးဆုံးရှုံးနေပါတယ်။
2015-05-14
ရန်ကုန်တိုင်း တွံတေးမြို့၊ အိုးဖိုရပ်ကွက်မှာရှိတဲ့ အိုးလုပ်ကိုင်သူတွေဟာ အရင်က မိရိုးဖလာ စဉ့်အိုး လုပ်ငန်းနဲ့ သောက်ရေအိုးတွေ လုပ်ကိုင်ရာကနေ၊ အခုနောက်ပိုင်း ရောင်းအားကျဆင်းလာတဲ့အတွက် ရေစစ် အိုးတွေ ကို ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။
2015-05-14
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက တောင်သူတစ်ဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့တဲ့ အကြောင်း RFA အဖွဲ့သား ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-05-14
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး၊ ဒေါ်လာငွေ တန်ဖိုးမြင့်တက်လာမှုပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်ဆောင်ရွက်နေသလဲဆိုတာနဲ့ ပတ်သက် လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာဇော်ဦးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-05-14
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒေသခံ ၅၀ ကျော်ဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးရောင်းစားခံရတယ်ဆိုပြီး မိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီကနေ့ တိုင်ကြားလိုက်ပါတယ်။
2015-05-14
လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲ သမာမှုတွေကို ကာကွယ်တားဆီးဖို့ အတွက် လေဆာတံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။
2015-05-14
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ နယ် အမှတ် ၂ နဲ့ ၃ ရပ်ကွက်မှာ အိုးအိမ် ဦးစီးဌာနက သိမ်းယူခဲ့တဲ့မြေတွေ ကို ပြန်ပေးဖို့ မြေပိုင်ရှင် ၃၀ လောက်က ဒီကနေ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း လူထုဟစ်တိုင်မှာ တောင်းဆိုကြပါတယ်။
2015-05-14
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတစ်ရပ် ကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးရေးဆွဲပြီး လွှတ်တော်ကိုတင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ပြည်သူ့လွှတ်တော်မှာ အဆိုတင်လိုက်ပြီး ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
2015-05-14
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-05-14
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ ( ၃လ) ထပ်တိုးပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ဒီကနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
2015-05-14
ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ခက်ခဲစေမယ့် အချက်တွေပါလာရင် ကန့်ကွက်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် အမတ်တချို့က ပြော ပါတယ်။