သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-14
မျိုးစောင့်ဥပဒေ လေးမျိုးထဲမှာပါဝင်တဲ့ "ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။
2015-05-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် နန်းတော်ကုန်းနဲ့ တံတိုင်းတွေ၊ ရှေးဟောင်းလက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ ဘိလပ်မြေတွေ၊ ကျောက်တုံးအသစ်တွေကို အစားထိုးပြုပြင်လိုက်တာကြောင့် ရှေးခေတ်လက်ရာတွေ ပျက်စီးဆုံးရှုံးနေပါတယ်။
2015-05-14
ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိ သူတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အသိပညာပေးလုပ်ငန်းတွေဆောင်ရွက် ဖို့ တောင်ကြီးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-05-14
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာက မြေနေရာမှာ ရွှေတူးဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ဖယ်ရှားပေးဖို့ မေလ ၁၂ ရက်၊ မနေ့က သပိတ်ကျင်းမြို့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
2015-05-14
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အမှိုက်သိမ်းဆည်းတာနဲ့ အမှိုက် စွန့်ပစ်တဲ့လုပ်ငန်းတွေကို ပုဂ္ဂလိကကုမ္ပဏီ ၂ ခုကို လွှဲပြောင်းပေးဖို့ လူထုဆန္ဒခံယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကနေ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2015-05-14
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တည်ထောင်ခဲ့တဲ့ “ဦးဝင်းတင်ဖောင်ဒေးရှင်း” ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသားတွေကို အလှူငွေတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
2015-05-14
မကွေးမြို့ပေါ်မှာ အများပြည်သူသွားလာတဲ့ လမ်းဘေးဝဲယာနှစ်ဘက်မှာ ကျူးကျော်ဆောက်လုပ်ပြီး ဈေးရောင်းချသူတွေကို ဖယ်ရှားဖို့ အကြောင်းကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ မြို့နယ် စည်ပင် သာယာအဖွဲ့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
2015-05-14
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးက မခန္တီးဆိပ်မှာ သဲနဲ့ကျောက်တွေကို တနိုင်တပိုင် တူးဖော်လုပ်ကိုင်နေကြပါတယ်။
2015-05-14
မြန်မာ-တရုတ်နယ်စပ်က ကိုးကန့် ဒုက္ခသည်တွေကို အစိုးရအာဏာပိုင်တွေ က နေရပ်ပြန်ခိုင်းတာ တွေရှိသလို၊ ရွာသား တချို့ကို စစ်တပ်က သတ်ဖြတ်တာတွေရှိနေတယ်လို့ ထိုင်း နိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-05-13
နယူးဇီလန်နိုင်ငံမှာ မေလ ၃ဝ ရက်နေ့ ကျင်းပမယ့် အသက် ၂ဝ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့ မှာ မြန်မာလူငယ်အသင်းနဲ့ အမေရိကန်လူငယ်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
2015-05-13
မလေးရှားကမ်းခြကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ၅ဝဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စင်း မနေ့က ထပ်မံရောက်ရှိ လာတယ်လို့ သိရပါတယ်။
2015-05-13
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်ခွာတဲ့အလုပ်ရုံမှာ လူကုန်ကူး သူတွေ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၄၄ ယောက် ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ မြန်မာသံရုံးအရာရှိတွေက ထိုင်းရဲတပ်ဖွဲ့အကူအညီ နဲ့ မေလ ၁၂ ရက်နေ့ ညပိုင်းမှာ ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
2015-05-13
စစ်တပ်က ပစ်သတ်လိုက်တဲ့အတွက်သေဆုံးသွား ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို စစ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် ပစ်ခတ်မှုကျူးလွန်သူ တပ်ကြပ်နှစ်ဦးကို အမှုက တရားသေလွှတ်ပေးခဲ့ပါတယ်။
2015-05-13
အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ အခုရက်ပိုင်း တိုက်ပွဲတွေ အတော်လေးပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ကချင်ပြည်နယ်ဘက်မှာလဲ KIA ကချင်တပ်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2015-05-13
အင်ဒိုနီးရှားနဲ့ မလေးရှားပင်လယ်ပြင်က လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံရခိုင်ဒေသက ရိုဟင်ဂျာမွတ်စလင်တွေလည်း ပါဝင်တယ်လို့ နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ကတော့ မြန်မာနိုင်ငံက ထွက်သွား သူတွေ ဖြစ်နိုင်ခြေနည်းတယ်လို့ RFA ကို ပြောပါ တယ်။