သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-13
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသမီး ၃၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-05-13
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်မှာရှိတဲ့ ကျူးကျော် အိမ်ခြေ ၁၄ဝဝ ကျော်ကို မနက်ဖြန် နောက်ဆုံးထားဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားပါတယ်။
2015-05-13
အောင်တံခွန်အမှတ် ၃ ရေယာဉ်နစ်မြုပ် ရာမှာ သေဆုံးခဲ့ကြသူတွေထဲက လက်မှတ် ဝယ်ယူစီးနင်းခဲ့တဲ့ ခရီးသည်တွေအတွက်သာ တစ်ဦးကို ကျပ်ငါးသိန်းစီ လျော်ကြေးပေးအပ်သွားမယ်လို့ ပြည်ထောင်စုအဆင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2015-05-13
အမျိုးသားလွှတ်တော်မှာ အရေးကြီးတဲ့ အဆိုတွေ၊ ဥပဒေတွေကို ဆွေးနွေး အတည်ပြုတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မပျက်မကွက် တက်ရောက်ကြဖို့ သတ်မှတ်ချက်ကို အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေမှာ ထည့်သွင်းအတည်ပြုလိုက် ပါတယ်။
2015-05-13
လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန် မှာ ပြည်ထောင်စုအစိုးရက အလားတူ ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုးရ နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2015-05-13
စစ်တပ်က ပစ်သတ်တာခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမှုကို ကျိုက်မရောတရားရုံးမှာ မနေ့က ၄ ကြိမ်မြောက် စစ်ဆေးခဲ့ပြီး ဒီအမှုနဲ့ ပတ်သက်လို့ တရားစီရင်ရေးစနစ် လွဲချော်နေတာတွေ တေ့ွရတယ်လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကပြောပါတယ်။
2015-05-13
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ ခုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာမှာ အသက်မပြည့်သေးတဲ့ အထက်တန်း ကျောင်းသား မောင်အောင်မင်းခိုင်ကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။
2015-05-13
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရသတ်မှတ်ပေးတဲ့နှုန်းထက် ပိုရောင်းဝယ်ရင် အရေးယူမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာအရောင်း အဝယ် လုပ်တဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေ လဲကောင်တာလုပ်ငန်းရှင် ၂၀၀ကျော်ကို မနေ့ က ခေါ်ယူသတိပေးလိုက်ပါတယ်။
2015-05-13
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူ ကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ အချက်တွေအပေါ် အမျိုးသား လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးရာမှာ လွှတ်တော် ၂ ရပ်သဘောထား ကွဲလွဲနေကြပါတယ်။
2015-05-13
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဝန်းရံတဲ့ပြည်သူတွေကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ် စစ်ဆေးခဲ့ပြီး အသက်မပြည့်သေးတဲ့ ၉တန်း ကျောင်းသား တစ်ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-05-13
မန္တလေး-ပြင်ဦးလွင် လမ်းမကြီးဘေးမှာရှိတဲ့ သလဲကုန်းပန်းဈေးဟာ မန္တလေးမြို့ပေါ်ကို ပန်းတွေတင်ပို့နေတဲ့ အကြီးဆုံးပန်းဈေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ပြင်ဦးလွင်မှာ မိုးသီးတွေ ကြွေခဲ့ တာကြောင့် ပန်းခင်းချို့ပျက်စီးပြီး ပန်းစိုက်တောင် သူတွေ အရှုံးပေါ်နေပါတယ်
2015-05-13
နှစ်ပေါင်းတစ်ရာဝန်းကျင် သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းမော်တော်ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်က Culture Valley မှာ မေလ ၉ ရက်နဲ့ ၁ဝ ရက်- နှစ်ရက်ကြာ ပြသခဲ့ပါတယ်။
2015-05-13
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကျောင်းသားတွေနဲ့၊ ကျောင်းသားသပိတ်စစ်ကြောင်း ဝန်းရံတဲ့ပြည်သူတွေကို မေလ ၁၂ ရက်နေ့က သာယာဝတီခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ အသက်မပြည့်သေးတဲ့ ၉ တန်း ကျောင်းသားတစ်ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-05-13
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့အချက်တွေအပေါ် အမျိုးသားလွှတ်တော်မှာ မေလ ၁၂ ရက်နေ့က ဆွေးနွေးရာမှာ လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲနေကြပါတယ်။
2015-05-13
မန္တလေးတိုင်း အမရပူရမြို့နယ်က ရတနာပုံတက္ကသိုလ် မျက်နှာချင်းဆိုင်မှာရှိတဲ့ အိုးဘိုကျေးရွာက မြေနှစ်ဧကနီးပါးကို တက္ကသိုလ်ယာဉ်ရပ်နားစခန်းလုပ်ဖို့အတွက် စည်ပင်သာယာက ရဲအင်အားသုံးပြီး မေလ ၁၂ ရက်နေ့က ခြံစည်းရိုးခတ်ခဲ့ပါတယ်။