သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-12
ဘင်္ဂလားပင်လယ်အော်အတွင်း လူမှောင်ခိုသမားတွေ စွန့်ပစ်သွားကြတဲ့ သင်္ဘောတစင်းပေါ်က မြန်မာနဲ့ ဘင်္ဂလားဒုက္ခသည် ၁၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းစောင့် သင်္ဘောတစင်းက အင်္ဂါနေ့ မနေ့က ကယ်ဆယ်ခဲ့ပါတယ်။
2015-05-12
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ရေထွက်ကျေးရွာက ကျေးရွာပိုင်မြေတွေမှာ ရွှေ တူးဖော်နေတဲ့ ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေး ဖို့ ဒေသခံ ၃၀၀ လောက်က သပိတ်ကျင်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-05-12
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို ထိုင်းအမျိုးသား လူပွဲစားတစ်ဦးနဲ့အတူ နယ်စပ် ဘုရားသုံးဆူမြို့အနီး ထိုင်းနိုင်ငံ ထောဖာဖွန်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
2015-05-12
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ရှေ့က မြေနှစ်ဧက နီးပါးကို စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေက ဒီနေ့မနက် ခြံစည်းရိုးဝင်ခတ်ရာမှာ မြေပိုင် ရှင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အမျိုးသမီး ၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
2015-05-12
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရ တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ရဲမှူးကြီး ဖုန်းမြင့်ကို စစ်ဆေးခဲ့သလို အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတစ်ဦးကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။
2015-05-12
အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ဖို့ အတွက် ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြု ထားတဲ့ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးရာမှာ လွှတ်တော်နှစ်ရပ် သဘော ထားကွဲလွဲနေပါတယ်။
2015-05-12
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနိုင်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ မေလ ၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-05-12
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ တည်ထာင်ခြင်း ၇၉ နှစ်ပြည့်နဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းမှု (၂) လပြည့် အခမ်းအနားကို မနေ့က ရန်ကုန်မြို့နဲ့ တောင်ကြီးမြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2015-05-12
ကွယ်လွန်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုတော် ဆရာကြီး ဒဂုန်တာရာရဲ့ ၉၆ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် အောင်ပန်းမြို့က မယ်ခိုတောင် ဘုန်းကြီးကျောင်းမှာ မေလ ၁၀ရက်နေ့က ကျင်းပခဲ့သလို ရန်ကုန်မြို့မှာလည်း ကဗျာချစ်သူအသင်းက ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-05-12
အင်ဒိုနီးရှားနိုင်ငံ Benjina Island ဘန်ဂျီးနားကျွန်းမှာ ကျွန်အဖြစ် ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံ သား ရေလုပ်သား ၁၃ ဦးဟာ ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ စနေနေ့က ပြန်လည် ရောက်ရှိလာပါတယ်။
2015-05-12
အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WON အဖွဲ့ကနေ ဦးဆောင်ပြီး ပထမအကြိမ် အမျိုးသမီး နှီးနှောဖလှယ်ပွဲကို မန္တလေးမြို့ဒင်္ဂါးဟိုတယ် မှာ မေလ (၉) ရက်ကနေ (၁၀) ရက်အထိ နှစ်ရက် ကျင်းပခဲ့ပါတယ်။
2015-05-12
မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ နီးပါးမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အဖြစ်များလာတာတွေ့ရပါတယ်။
2015-05-11
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ်ကြီး Catherine Russell ဟာ မြန်မာနိုင်ငံကို မေလ ၁၁ရက်က နေ ၁၉ ရက်အထိ သွားရောက်လည်ပတ်မှာ ဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2015-05-11
ဒေသတွင်းမှာ လူတွေ အစုလိုက်အပြုံ လိုက် နေရာပြောင်းရွှေ့နေကြတဲ့ပြဿနာရဲ့ မူရင်း ဇစ်မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောဆိုကြောင်း AFP သတင်း က ဖော်ပြပါတယ်။
2015-05-11
ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပထမဆုံးနေ့ အဖြစ် ပြန်လည်ကျင်းပနေပါတယ်။