သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-12
မန္တလေးတိုင်း မိုးကုတ်မြို့က ရေပူကျောင်းတိုက်ဆရာတော်ကို ကျောက်မျက်တရားမဝင် တူးဖော်နေတယ်လို့ စွပ်စွဲပြီး ရဲက လူဝတ်လဲ ဖမ်းဆီးသွားတဲ့အတွက် ဒေသခံတွေက ဆရာတော်ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇွန်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။
2015-06-12
ရန်ကုန် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက် စက်ဆန်းက အုတ်သဲကျောက်ဒိုင်တွေမှာ အလုပ်လုပ်နေကြသူတွေဟာ ဧရာဝတီတိုင်းက ရွှေ့ပြောင်းလာကြသူတွေဖြစ်ပြီး အများစုက နေ့စားအလုပ်သမားဘဝနဲ့ လုပ်ကိုင်နေကြပါတယ်။
2015-06-12
ကချင်ပြည်နယ်မြောက်ဖျား၊ ပူတာအိုဒေသက ပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် လေကြောင်းခရီး တစ်ခုတည်းကိုသာ အသုံးပြုနေရတာကြောင့် ခရီးသွားလာရေးမှာ အခက်အခဲ ဖြစ်နေပါတယ်။
2015-06-12
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-12
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကနေ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင် အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာ အေးမောင် ကို ဒေသခံပါတီဝင်တွေက မကျေနပ်တာကြောင့် လာမယ့် ဇွန်လ ၁၇ ရက်နေ့မှာ ဆန္ဒပြဖို့ ဒီနေ့ ခွင့်ပြုချက် တင်လိုက် ပါတယ်။
2015-06-12
ရိုဟင်ဂျာမွတ်စလင်တွေကို ဖိနှိပ်နေ တဲ့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများ အဖွဲ့ကနေ ထုတ်ပယ်သင့်တယ်လို့ မလေးရှားဝန်ကြီး ချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-06-12
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ကျန်းမာရေးဆေးစစ် ချက် အောင်သူတွေဖြစ်ရမယ်လို့ ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ညွှန်ကြားထားပါတယ်။
2015-06-12
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ AA ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုရှိတယ် ဆိုပြီး ဖမ်းဆီးတရားစွဲဆို ခံထားရသူတွေထဲက ၈ ဦး ကို ကျောက်တော်မြို့နယ် တရားရုံးက မနေ့က ပြန်လွှတ် လိုက်ပါတယ်။
2015-06-12
ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ ပြည်ပခရီး စဉ်တွေရှိနေပြီး လူမစုံသေးတဲ့အတွက် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ကျင်းပမယ့် အချိန်ကို မညှိနှိုင်းနိုင်သေးတာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်ပါတယ်။
2015-06-12
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။
2015-06-12
အခုလအတွင်း ဆန်ဆီဆား၊ သားငါး.. စတဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေပါတယ်။
2015-06-12
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်က သဲချောင်းကျေးရွာအနီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက် တွင်ကျယ်လာနေပါတယ်။
2015-06-12
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ပုဒ်မ လေးခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသူမပိုပိုနဲ့ ကိုဝင်းကျော့မှူး တို့ကို ဒီကနေ့ ရှစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-06-12
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တင်သွင်းလိုက်ပါတယ်
2015-06-11
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။