သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-12
သံလွင်မြစ်မှာတည်ဆောက်မယ့် ရေအား လျှပ်စစ်စီမံကိန်း ၆ခုကို ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2015-08-12
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။
2015-08-12
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီးမှာ ဖမ်းဆီးရမိထား တဲ့ ငွေကျပ်သိန်းပေါင်း တစ်သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ဆက်စပ်တယ်လို့ သံသယရှိသူတစ်ဦး ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖမ်းမိပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရ ပါတယ်။
2015-08-12
ကရင်ပြည်နယ် ဘားအံမြို့က ၈၈ မျိုးဆက်ကရင်ကျောင်းသား အစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးကို DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2015-08-12
တပ်မတော်ကနေ အနားယူပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီ USDP ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် တပ်မတော်သား ကိုယ်စားလှယ်စာရင်းတချို့ဖြစ်ပါတယ်။
2015-08-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ရွေးကောက်ပွဲမှာယှဉ်ပြိုင်မှာ မဟုတ်တော့ ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသိမ်းဆွေက ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပဲခူးတိုင်း (အနောက်ခြမ်း) က ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့နဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ ဒေသ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-12
ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်း ယန် စတဲ့ မြို့နယ်တွေက ကျေးရွာအုပ်စု ၁၀၀ ကျော်မှာ နယ်မြေမတည်ငြိမ်တာကြောင့် အခုချိန် ထိ မဲပေးခွင့်ရှိသူ စာရင်းတွေ ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။
2015-08-12
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က မြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးတဝိုက် က ကျေးရွာတချို့ မှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များပြားလာနေပါတယ်။
2015-08-12
ရှစ်လေးလုံးအရေးတော်ပုံ ၂၇ နှစ်ပြည့်အမှတ်တရ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်းက ဧရာဝတီ ပန်းချီပြခန်းမှာ သြဂုတ်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ပြသထားပါတယ်။
2015-08-12
ရေဘေးသင့်ဒေသတွေမှာ အဖြစ်များနေတဲ့ရောဂါတွေကနေ ကာကွယ်ရေးနဲ့ ရေကျပြီးဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဆေးပညာဆောင်းပါးရှင် ဒေါက်တာမြင့်ဦးကို RFA သတင်းထောက် မသီရိမင်းဇင် က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁ဝ ရက်နေ့က မကွေးတိုင်း ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်တွေ က ရေဘေး ဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
2015-08-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်း-အနောက်ခြမ်းက ပြည်၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့တွေနဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-08-11
တပ်မတော်အရာရှိတွေ ကျန်းမာရေး ဌာန ရွေ့ပြောင်းတဲ့ အစီအစဉ်ကို ကန့်ကွက်နေတဲ့ အနက်ရောင် ဖဲကြိုးတပ်ဆင် လှုပ်ရှားမူအဖွဲ့က ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အစီအစဉ်ဖျက်သိမ်းကြောင်း တရားဝင် စာထုတ်ပြန်ပေးဖို့ တောင်းဆိုထားတယ်လို့ လှုပ်ရှားမှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာလှဟန် က RFA ကိုပြောပါတယ်။
2015-08-11
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မေလကစတင်ကာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က လှေစီးဒုက္ခသည် ၁၅၉ ဦးကို တနင်္လာနေ့က ပြန်လွှဲပြောင်းပေးလိုက်ပြီလို့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။