သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-11
မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း မှုကြောင့် ပုဂံမှာရှိတဲ့ ဘုရားတစ်ဆူ ပြိုကျပျက်စီးသွားပြီး ကျန်ဘုရားတချို့ မှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရရှိပါတယ်။
2015-08-11
တပ်မတော်ထိပ်တန်းအရာရှိကြီးများ ၄၅ဦးခန့် ရာထူးမှအနားယူသွားကြောင်း တပ်မတော် သတင်းရပ်ကွက်မှာ ရရှိပါတယ်။
2015-08-11
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ လာမယ့်ရွေးကောက်ပွဲမှာ ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းထားပါတယ်။
2015-08-11
ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေထဲက ကျေး ရွာအုပ်စု ၁၀၀ ကျော်မှာ အခုချိန်ထိ မဲပေးခွင့်ရှိသူစာရင်း မကောက်ယူနိုင်သေးတဲ့အတွက် အဲဒီနေရာတွေ မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာဘူးလို့ ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေ က ပြောပါတယ်။
2015-08-11
လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုနဲ့ လက်ပံတန်းမြို့နယ် ရဲမှူး ဖုန်းမြင့်နဲ့ ရဲစခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို အရေးယူပေးဖို့ ရှေ့နေ ဦးရောဘတ် စန်းအောင်က တိုင်ကြားထားတာကို သာယာဝတီမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2015-08-11
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒပြခဲ့ကြတဲ့ ပခုက္ကူမြို့နယ်က NLD ပါတီဝင် ၁၀ ဦးကို NLD ဗဟိုက ထုတ်ပယ်လိုက်ပါတယ်။
2015-08-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ် ထားတဲ့ လွှတ်တော်ကိုယ်စားလောင်းတွေ ဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
2015-08-11
တပ်မတော်က အဆင့်မြင့်အရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် က ပြောပါတယ်။
2015-08-11
၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထု အုံကြွမှု အထိမ်းအမှတ်အဖြစ် ရှစ်လေးလုံး သမိုင်းပြ တိုက်ကို သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ သြဂုတ်လ ၈ ရက်နေ့က စပြီး ဖွင့်လှစ်လိုက်ပါတယ်၊
2015-08-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းခရီးစဉ် ပထမနေ့ အဖြစ် မင်းဘူးမြို့ကို ရောက်ရှိခဲ့ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
2015-08-11
ရခိုင်ပြည်နယ်မှာ ရေလွှမ်းမိုးခဲ့တဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
2015-08-11
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကဟာ ပြီးခဲ့တဲ့စနေနေ့က ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄ဝဝ ရဲ့ သားသမီးတွေကို ကျောင်းသုံးပစ္စည်းတွေ အလှူဒါနပြု ခဲ့ပါတယ်။
2015-08-11
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ဒီနေ့ပါတီက ထုတ်ပြန်လိုက်ပါတယ်။
2015-08-10
၂၀၁၃ ခုနှစ်ကပြဌာန်းခဲ့တဲ့ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဥပဒေရဲ့ အနှစ်သာရနဲ့ အဲဒီ ဥပဒေ ပုဒ်မ ၂၇ ပါ ပြဌာန်းချက်ကို ကိုးကားပြီး သဘာဝဘေးအန္တရယ်နဲ့ ပတ်သက် လို့မမှန်သတင်းလွှင့်ရင် အရေးယူနိုင်တယ် လို့ တာဝန်ရှိသူတစ်ဦးက သတိပေးခဲ့တာကို အခြေခံ ပြီး AHRC အာရှလူ့အခွင့်အရေးကော်မရှင် က မြန်မာ့ ဥပဒေရေးရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦး ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2015-08-10
ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ရပ်ကွက် ၅ ခုလောက်မြေပြိုတာ အက်ကြောင်း လိုက်နေတာတွေ ဖြစ်တဲ့အတွက် အဲဒီရပ်ကွက်တွေ ကို ပြောင်းရွှေ့ဖို့ဘူမိဗေဒပညာရှင်တွေက တိုင်းထွာစစ်ဆေး သွားမယ်လို့ သိရပါတယ်။