သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-21
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က အသတ်ခံရတဲ့ Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အတွက် အမှုမှန်ပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ စုပေါင်းပြီး မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောက်းတိုင်ထွန်းပြီး ဆုတောင်းခဲ့ကြပါတယ်။
2016-12-21
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ဈေးတွေ တက်နေပေမဲ့ မကွေးတိုင်းအတွင်းက သီးနှံ အဝယ်ဒိုင်တွေနဲ့ စိုက်ပျိုး သူတွေအတွက်ကတော့ အကျိုးအမြတ် မဖြစ်ကြဘူးလို့ သိရပါတယ်။
2016-12-21
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ အုပ်ချုပ်ရေးမှူးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့အမှုဖွင့်ထားပါတယ်။
2016-12-20
ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ကူညီထောက်ပံ့ပေးတဲ့ ငွေကြေးတွေကို ထိထိရောက်ရောက်နဲ့ မျှမျှတတသုံးစွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
2016-12-20
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်တွေမှာ သွားရောက်သတင်းရယူကြမယ့် ပြည်တွင်းပြည်ပသတင်းမီဒီယာ ၁၃ ဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့ကို ရောက်ရှိခဲ့ပါတယ်။
2016-12-20
မြန်မာနိုင်ငံရဲ့ ပညာရေးကို မြှင့်တင်ဖို့ ကြိုးစားကြရာမှာ ခေတ်သစ်ပညာရေးစနစ်တွေဆီ ချက်ခြင်းမပြောင်းနိုင်ခင်အချိန်အတွင်း ခေတ်ဟောင်း က ကောင်းခဲ့တဲ့စနစ်တွေကို ပြန်လည်ကျင့်သုံးရင် အကျိုးရှိနိုင်မလားဆိုတဲ့ မေးခွန်းမေးစရာရှိလာပါတယ်။
2016-12-20
မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံး စုံစမ်းဖေါ် ထုတ်အရေးယူပေးဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်း က မြန်မာအာဏာပိုင်တွေကို ဒီဇင်ဘာ ၂ဝ ရက်နေ့စွဲ နဲ့ တောင်းဆိုလိုက်ပါတယ်။
2016-12-20
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တိုးတက် မှုကို ဖြစ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မယ် ဆိုရင် လာမယ့် ၂ဝ၃ဝ ခုနှစ်အရောက် မှာ နိုင်ငံခြားက တိုက်ရိုက်လာရောက်မြုှပ်နှံမှုငွေပမာဟာ ကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရှိလာနိုင်တယ် လို့ နိုင်ငံတကာ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်တဲ့ McKinsey မက်ကင်းဇီ အဖွဲ့က ခန့်မှန်းထားကြောင်း ဗြိတိန်အခြေစိုက် FDI သတင်းစာက ဒီဇင်ဘာ ၂ဝ ရက်မှာ ဖေါ်ပြခဲ့ပါတယ်။
2016-12-20
မြန်မာနိုင်ငံ ရခိုင်မောင်တောဒေသမှာ အသစ်ပေါ်ပေါက်လာတဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေကြောင့် အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေ မှာ နောက်ထပ်မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်သင့်ကြောင်း အိန္ဒိယထုတ်သတင်းတွေ မှာ ရေးသားဖော်ပြနေကြပါတယ်။
2016-12-20
မွန်ပြည်နယ် မော်လမြိုင်မြို့က ဈေးတွေနဲ့ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချနေတဲ့ ငရုတ်သီး မှုန့်တွေမှာ ကျန်းမာရေးနဲ့မညီတဲ့ အသည်းကင်ဆာဖြစ်စေနိုင် တဲ့ မှိုပါဝင်မှု ရှိ မရှိကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
2016-12-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန် လည်ပြုပြင်ပေးဖို့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့ မှာ ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ တတိယအကြိမ်မြောက် အဖြစ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-12-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထား ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင် တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
2016-12-20
ရခိုင်ပြည်နယ် မောင်တောဒေသ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ကို သတင်းရယူကြတဲ့ ပြည်တွင်း ပြည်ပသတင်းမီဒီယာ သမားအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်ကို ဒီနေ့ သွားရောက် ခဲ့ကြပါတယ်။
2016-12-20
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာန်း ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA တပ်ဖွဲ့တွေ ဒီကနေ့မနက်ကစပြီး ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေပါတယ်။
2016-12-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှု နှေးကွေးနေတယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။